တောင်ငူ မတ် ၂၀
ကမ္ဘာပေါ်တွင် နှစ်စဉ် ငါးနှစ်အောက် ကလေး
၁၀ သန်းကျော်သည် ကာကွယ်၍ ရနိုင်သော ကုသ၍ရနိုင်သည့် ရောဂါများ ကြောင့် သေဆုံးလျက်ရှိသည်။
၎င်းသေဆုံးမှု၏ ၃၈ ရာခိုင်နှုန်းကျော်သည် မွေးကင်းစက
လေးငယ်များ ဖြစ်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မွေးကင်းစကလေး သေဆုံးရသည့်
အကြောင်းအရင်းများကို လေ့လာရာတွင် ပိုးဝင်ခြင်း၊ လမစေ့ခြင်း၊ မွေးဖွားချိန် ရေမွန်းခြင်းတို့ကြောင့်
ဖြစ်ပြီးကိုယ်အလေးချိန်မပြည့်၊ လမစေ့သော ကလေးများကြောင့်လည်း တွေ့ရှိရသည်။ ထို့ကြောင့်
စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများမှ အိမ်တိုင်ရာရောက် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း
သင်တန်းကို တောင်ငူ- သံတောင်လမ်းရှိ ကရင်ပြည်နယ် သံတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာန
မှူးရုံးတွင် သင်တန်းသား ၆၀ အားပထမအသုတ်၊ ဒုတိယ အသုတ်ခွဲ၍ ကျန်းမာရေးဦးစီးဌာနအမျိုးသမီးနှင့်
ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနစိတ်၏ ပံ့ပိုးမှုနှင့်ကျန်းမာရေး ဝန်ထမ်းများက သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းဆရာမ သံတောင်ကြီးမြို့နယ်မှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဒေါ်မီမီအုန်းက
“မွေးကင်းစကလေးသေဆုံးခြင်းမှာ မွေးပြီးတစ်ပတ်အတွင်း သေဆုံးမှု အများဆုံးဖြစ်တဲ့ အတွက်
မွေးကင်းစကလေးကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေး ဝန်ထမ်းများက နေရာတိုင်း
မှာ စောင့်ရှောက်ပေးလျက်ရှိပါတယ်။ ဒါပေမယ့် သားဖွားဆရာမတွေက များပြားလှတဲ့ တာဝန်တွေကြောင့်
သားဖွားဆရာမတွေ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေကို စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများက
အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးမယ့် ပြည်သူလူထုကို အခြေပြုတဲ့ မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှုများ
ကူညီ ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်းများလိုအပ်ပါတယ်” ဟု ရှင်းပြသည်။ အဆိုပါ သင်တန်းကိုတောင်ငူခရိုင်အတွင်းနှင့်
သံတောင်ကြီးမြို့နယ် အတွင်းရှိ စိတ်ဝင်စားသည့် အမျိုးသမီးများ တက်ရောက်ကြပြီး သင်တန်းကာလကိုမတ်
၁၂ ရက်မှ ၁၉ ရက် အထိ သင်ကြားပေးကြောင်း သိရှိရသည်။
No comments:
Post a Comment