ယမန်နေ့မှ အဆက်
၁။ ပဲကူ-ရုံးကား-ညောင်ပင်ကန်လမ်းသည် မုံရွာ-မန္တလေးကားလမ်းမကြီးနှင့်
ဆက်သွယ်သော ၁၀ မိုင်ခန့် ရှည်လျားကာ အဆိုပါလမ်းအား ပဲကူ-ရုံးကား-ညောင်ပင်ကန်-ကန်ဆွယ်-လှေဦးကန်-စိုင်မြစ်အစရှိသည့်
ကျေးရွာနေ ပြည်သူများ အသုံးပြုသည့် လမ်းဖြစ်ပြီး အဆိုပါလမ်းမှ အရာတော်မြို့နယ် မလဲသာကျေးရွာသို့
ဆက်သွယ်သွားလာနိုင်သော လမ်းတစ်လမ်းဖြစ်ပါသည်။
အဆိုပါလမ်းမှာ ဂျင်းလမ်းဖြစ်သည့်အတွက်
မိုးတွင်းကာလတွင် သွားလာမှုခက်ခဲခြင်းများ နှစ်စဉ်ကြုံတွေ့ နေရပါသည်။ သို့ဖြစ်၍ ကျောက်ချောလမ်းအဆင့်တိုးမြှင့်ဆောင်ရွက်ပေးနိုင်ပါက
ရာသီမရွေးသွားလာနိုင်ပြီး ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍
ကျောက်ချောလမ်း အဆင့်တိုးမြှင့်ပေးနိုင်ပါက ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၂၅၀၀ ခန့်
ဖြစ်ပြီး အဆင့်တိုးမြှင့်ပေးပါရန် မေးမြန်းချက်နှင့်ပတ်သက်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်
ရန်ပုံငွေတင်ပြ တောင်းခံ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ပါသည်။
၂။ မြင်းမူမြို့နယ်အဝင် ရွှေတောင်တိုးဂိတ်
တည်ရှိနေသည့် အတွက် မြင်းမူမြို့နယ် ကျေးလက်နေပြည်သူများမှ ခရီးသွားလာရာတွင် ပေးဆောင်ရမည့်နှုန်းထားများမှာ
စစ်ကိုင်းမြို့နယ်ရှိ ကံတလူဂိတ်အကွာအဝေးအတိုင်း ပေးဆောင် နေရသဖြင့် အမှန်သွားလာလျက်ရှိသည့်
မိုင်နှုန်းပေါ်မူတည်၍ သီးခြားသတ်မှတ်ဆောင်ရွက်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးပြီးသင့်တော်သည့်
အစီအမံများဖြင့် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြား ပါသည်။
၃။ စစ်ကိုင်းမြို့၊ မြို့ရှောင်လမ်းဖောက်လုပ်ရန်
လျာထားသတ်မှတ်ထားသည့် လမ်းကြောင်းဖြစ်သော အိုးကြီးအဝိုင်း-ကောင်းမှုတော်-ညောင်ပင်ဇင်
စုစုပေါင်း (၆ ဒသမ ၄) မိုင်အား ဖောက်လုပ်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍လမ်းပုံထုတ်နှင့်
ညှိနှိုင်း၍ Survey အရင်ပြုလုပ်ပြီး ကွင်းဆင်းစိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားပါသည်။
၎။ အလ္လကပ္ပ-မြောင်- ပရိမ္မ- မကျီးဘုတ် ကတ္တရာလမ်းပေါ်တွင်
ရေကျော်၂၈ ခုရှိပြီး ၎င်းရေကျော်များအနက် ကျော့မင်း ရေကျော်၊ ဘောလုံးကွင်းရေကျော်၊ တရားရုံးရေကျော်၊
မြို့တွင်းရေကျော်၊ ကူးတို့ကုန်းရေကျော်၊ ဖွားစောရေကျော်၊ ဆွဲလဲအိုရေကျော်၊ နဘက်(ရွာသစ်)
ရေကျော်စသည့် ရေကျော်များသည် မိုးများသည့် အချိန်များတွင် စက်ဘီး၊ ဆိုင်ကယ်များနှင့်
ယာဉ်ငယ်များ ဖြတ်သန်းမသွားနိုင်သဖြင့် အချိန် ၁ နာရီမှ ၃ နာရီအထိ စောင့်ဆိုင်းနေရသည့်အတွက်
ခရီးသွားလာမှု အခက်အခဲဖြစ်နေသောကြောင့် ၎င်းရေကျော် ၈ ခု အားရေကျော်တံတား အဖြစ် ပြုပြင်တည်ဆောက်ပေး
ပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် ကျော့မင်းရေကျော်၊ ဘောလုံးကွင်းရေကျော်၊
မြို့တွင်းရေကျော်တို့ကို ရေကျော် တံတား တည်ဆောက်ရန်ရန်ပုံငွေ တင်ပြတောင်းခံထားပြီး
ဖြစ်ပြီး ကျန်ရေကျော်များအား ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားအပ်ပါသည်။
၅။ မြောင်မြို့နယ်မှ ဆင်ဖြူရှင်တံတားသို့
သွားနိုင်သော ကျေးရွာချင်းဆက်လမ်းဖြစ်သည့် နဘတ် - တမ - ဆေးကန်- တွင်းကြီး- မကျီးဘုတ်လမ်း
၉ မိုင် ၃ ဖာလုံတွင် တမဆေးကန် - တွင်းကြီးအပိုင်း ၄ မိုင် ၄ဖာလုံမှာ မုံရွာလမ်း ညောင်ပင်ကြီး
မိုင် ၇၂/၅ မှ ဆားလင်းကြီးမြို့ မိုင်၆၂/၄ ထိ (၁၀ မိုင် ၁ ဖာလုံ) ကို ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့်
ဆားလင်းကြီးမှ ကျားတက်(ဆားလင်းကြီးမြို့နယ်ဆုံးအထိ) ၁၄ မိုင် ၆ ဖာလုံကို၃ ပေအကျယ် အမာခံလမ်းပခုံးနှစ်ဖက်
ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံထားပြီးဖြစ်ပါသည်။ ပုသိမ်-မုံရွာလမ်းအား B.O.T
စနစ်ဖြင့် မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
၁၁။ အလောင်းတော်ကဿပလမ်း၊ ဇီးတောတောင်ရွာနှင့်လာဘို့ရွာမြောက်ယမားချောင်းတွင်
သွားလာမှု ခက်ခဲ၍ ဒေသခံလူများ ရာသီမရွေးသွားလာနိုင်ရေးနှင့်ဒေသထွက်ကုန်များပို့နိုင်ရန်အတွက်
လမ်းလုပ်ပေးရန်နှင့် တံတားဆောက် ပေးပါရန် မေးမြန်းချက်နှင့်ပတ်သက်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်
ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။
၁၂။ ယင်းမာပင်မြို့နယ် လမ်းဘေး ဝဲ/ယာ
ရေနုတ်မြောင်း လုပ်ပေးပါရန်မေးမြန်းချက်နှင့်ပတ်သက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား အပ်ပါသည်။
၁၃။ ယင်းမာပင်မြို့သည် ယင်းမာပင်ခရိုင်အဖြစ်
တိုးချဲ့ခြင်းကြောင့် ခရိုင်မြို့ဖြစ်သည့် အားလျော်စွာ ဝန်ထမ်းများ ပြောင်းရွှေ့ရောက်ရှိလာခြင်းကြောင့်ဝန်ထမ်းအိမ်ရာမရှိသည့်အတွက်
ရပ်ကွက်ထဲတွင် အိမ်ငှား၍ နေထိုင်ရာအိမ်ငှား ရှားပါးပြီး အိမ်ငှားခ ဈေးကြီးခြင်းကြောင့်
ဝန်ထမ်းများနေထိုင်ရန်အခက်အခဲရှိနေပါ၍ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးပါ ရန် မေးမြန်းချက်နှင့်ပတ်သက်၍
လူဦးရေတစ်သိန်းနှင့်အထက်မြို့နယ်များအား (Town Plan) ရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏
ဖိတ်ကြားချက်အရ ဆောင်ရွက်လျက်ရှိပါကြောင်း၊ (Town Plan) ရေးဆွဲပြီးမှသာ မြို့မြေနေရာချထား
ပေးနိုင်မှုအရ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပေးခြင်းဖြစ်ပါကြောင်း၊
ယင်းမာပင်မြို့၏ (Town Plan) ရေးဆွဲနိုင်ရေး
ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ (Delivery Unit) သို့တင်ပြရန်နှင့်
(Town Plan) ရေးဆွဲနိုင်ရေးလိုအပ်သော Data များပေးခဲ့မည် ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာမြို့နယ်/ခရိုင်စီမံခန့်ခွဲရေးအဖွဲ့များ၊
အထောက်အကူပြုအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့်ပူးပေါင်းညှိနှိုင်း၍ Data များ စုစည်းဆောင်ရွက်ထားဖို့
လိုကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။
၁၄။ ယင်းမာပင်မြို့အဝင် ဘုန်းချောင်းတံတားအား
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောက်လုပ်ရန် ရှိသည်ဟု သိရပါသည်။ ဘယ်တော့လောက်ဘယ်လိုလုပ်ပေးမည့်အစီအစဉ်ကိုသိရှိလိုကြောင်း
မေးမြန်းချက်နှင့် ပတ်သက်၍ မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်း၊ မိုင် ၁၆/၆ ရှိ တံတားအမှတ်
၎/၁၇(ဘုန်းချောင်းတံတား) ခန့်မှန်းစီမံကိန်းတန်ဖိုးမှာငွေကျပ်သန်း ၂၈၀ ဖြစ်ပြီး၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။
No comments:
Post a Comment