Tuesday, April 1, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း( ၁၀၈) မီတာ ဖရီး ဂိတ်စစ် ရေယာဉ် ရေချပွဲ အခမ်း အနားသို့ တက်ရောက်

နေပြည်တော် မတ် ၃၁
တပ်မတော် (ရေ)က တည်ဆောက် ပြီးစီးခဲ့သည့် (၁၀၈) မီတာ ဖရီးဂိတ် စစ်ရေယာဉ် ရေချပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် သန်လျင် တပ်နယ်ရှိ အမှတ်(၄) ရေတပ် ဆိပ်ခံ တံတား၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးသူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေ မာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် (ရေ)မှ အရာရှိ ကြီးများနှင့် အရာရှိ၊ စစ်သည် မိသားစု များ တက်ရောက် ကြသည်။




ထုံးတမ်း စဉ်လာ ရှေးဦးစွာ (၁၀၈)မီတာ ဖရီး ဂိတ်စစ် ရေယာဉ် ရေချပွဲ အခမ်းအနား ကျင်းပရာ မင်္ဂလာ အချိန်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ရေ)တို့သည် (၁၀၈) မီတာ ဖရီးဂိတ် စစ်ရေ ယာဉ်ကို ရေချပွဲ ထုံးတမ်း စဉ်လာ အတိုင်းဆောင်ရွက် ပေးကြသည်။
ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် (၁၀၈)မီတာ ဖရီးဂိတ်စစ် ရေယာဉ်ကို လှည့်လည် ကြည့်ရှု လေ့လာကြပြီး အခမ်း အနားသို့ တက်ရောက် လာသော အရာရှိ၊ စစ်သည် မိသားစုများ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
လိုက်လံ ရှင်းလင်း ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဖရီးဂိတ် စစ်သင်္ဘော အား Shiplift Platform မှ ရေချခြင်းကို ကြည့်ရှု အားပေးကြသည်။
၎င်းနောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ်၊ General Building ရှိ ဌာနချုပ် ပြခန်းအတွင်း လှည့်လည် ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား General Building ရှိအစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများက ရေတပ် သင်္ဘောကျင်း ဌာနချုပ်၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်း တင်ပြရာ ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းက လိုအပ်သည်များ အသေးစိတ် ရှင်းလင်း မှာကြားသည်။
ဆက်လက်၍ ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သန်လျင် တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေး ကျောင်း သို့ သွားရောက် စစ်ဆေးရာ Department of Maritime Operation အစည်း အဝေး ခန်းမ၌ တာဝန် ရှိသူ တစ်ဦးက လေ့ကျင့် သင်ကြားရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြကြပြီး နောက် Maritime Wargame Center နှင့် Simulator Training Center အတွင်း လေ့ကျင့် သင်ကြား နေမှုများကို လိုက်လံ ကြည့်ရှု စစ်ဆေးရာ တာဝန် ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ရေတပ် လေ့ကျင့်ရေး ကျောင်းအတွင်းရှိ တပ်မတော် (ရေ)ဗဟို စာကြည့် တိုက်နှင့် စာသင် ဆောင် တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment