ရန်ကုန်
မတ် ၂၀
မတ်
၁၉ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ
မြို့မစည်ပင် သာယာဈေး မီးလောင်မှုဖြစ်ပွားခဲ့ သည်။ အချိန် တစ်နာရီခွဲခန့်ကြာ လောင်ကျွမ်းခဲ့ရာ
မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ရေးယာဉ် ၁၃ စီးတို့ စုပေါင်းငြှိမ်းသတ်ပေးမှု
ကြောင့် ည ၇ နာရီ ၅၃ မိနစ်တွင် ငြိမ်းသွားခဲ့သည်။
မီးလောင်ရခြင်းမှာ
ဈေးအလယ် တန်းရှိ ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေး၏ ဆိုင်အမှတ်(ဂ)၂၂/၂၃ တွင် ခြင်ဆေး
ခွေထွန်းထားခဲ့ရာမှ အနီးရှိငရုတ် သီးခြောက်အိတ်သို့ ကူးစက်လောင် ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး
မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုတွင်
(ဂ)တန်းမှ ဆိုင်ခန်း၁၀ ခန်း၊ (ဃ)တန်းမှ ဆိုင်ခန်း ၁၀ ခန်း စုစုပေါင်းဆိုင်ခန်း၂၀ မီးသင့်
ခဲ့သည်ဟု သိရသည်။လောင်နေသော မီးကို သန္ဓေမီးသတ်တပ်ဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက
စွန့်စွန့် စားစား ငြှိမ်းသတ်ခဲ့ရာ သုံးခွမြို့နယ် အရန်မီးသတ်တပ်စုမှူး ဦးမြအုန်း (၅၇နှစ်)
က မီးငြှိမ်းသတ်စဉ် ဆိုင်ခန်း ခေါင်မိုးပေါ်မှ ပြုတ်ကျမှုကြောင့် ခါးဆစ်ရိုးကျိုးသွားပြီး
ဆီးခုံနာကျင် ဒဏ်ရာ (စိုးရိမ်ရ)ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသမှု
ခံယူနေရသည်။
မီးလောင်မှုအား
ကမခ(၂)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ၏ ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ် အင်အား ၇၀
၊ အရန်မီးသတ် အင်အား ၁၀၆ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၀ တို့က ရေဂါလန် ၂၈၀၀၀ အသုံးပြု ငြှိမ်းသတ်ခဲ့ရသည်။
မီးပေါ့ဆမှုကြောင့်
ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေး၏တူဖြစ်သူ ကိုငြိမ်းသူ (၃၂နှစ်)အား သုံးခွမြို့နယ်
ရဲတပ်ဖွဲ့မှာအမှုဖွင့် အရေးယူထားကြောင်းသိရ သည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)

No comments:
Post a Comment