Tuesday, March 25, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမေရိကန်နိုင်ငံ ဟယ်လီဘာတန် ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အမေရိကန်နိုင်ငံ ဟယ်လီဘာတန် ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Dave Lesar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။



ယင်းသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဦးအောင်သန်းဦးတို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ရေနံနှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်း အကောင် အထည်ဖော်ရေး၊ ထုတ်လုပ်မှုကျဆင်းလျက်ရှိသည့် လက်ရှိစွမ်းအင်လုပ်ကွက်များတွင် ထုတ်လုပ်မှု တိုးတက် လာစေရန် ခေတ်မီပစ္စည်း၊ ကိရိယာများနှင့် နည်းပညာများ အသုံးပြုနိုင်ရေး၊သမားရိုးကျ ထုတ်လုပ် နေသည့် အနက်ပေထက် ပိုမိုနက်ရှိုင်းသည့် မြေအောက်ကျောက်လွှာ များအကြား ခိုအောင်းလျက်ရှိသော မထုတ်လုပ်ရ သေးသည့် သမားရိုးကျမဟုတ်သော သဘာဝ ဓာတ်ငွေ့လုပ်ကွက်များ ရှာဖွေဖော်ထုတ်ရေး၊ ကမ်းလွန်နှင့် ကုန်းတွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ လေ့လာတိုင်းတာ ရှာဖွေထုတ်လုပ်ရာတွင် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်း စက်ယန္တရားနှင့် အသုံးအဆောင်များ ပြုလုပ်ပြင်ဆင် သိုလှောင်ဖြန့်ဖြူး ပေးသည့် ဝန်ဆောင်မှုများ ရေရှည်တည်တံ့စွာ ပေးနိုင်သည့် ထောက်ပံ့ရေးဇုန်များ တည်ဆောက်ခြင်းဆိုင်ရာ ပင်မစီမံချက်  ရေးဆွဲရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟယ်လီဘာတန် ကုမ္ပဏီဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment