Tuesday, March 25, 2014

လယ်ယာသားငါး သစ်တောကဏ္ဍဆပ်ကော်မတီသို့ မေးမြန်းအကြံပြုချက်များအပေါ် သက်ဆိုင်ရာ ဌာနများ ၏ ဆောင်ရွက်ချက်များအား ထုတ်ပြန်ကြေငြာ

ပဲခူးတိုင်းဒေသကြီး
ကျေးလက်ဒေသ မီးလင်းရေးနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် မွေးမြူရေးနှင့်ရေလုပ် ငန်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမှု အခြေအနေ
- ပဲခူးတိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးလင်းရေး၊ ရေရရှိရေး၊ လမ်းတံတားလုပ်ငန်းများတွင်ပြည်နယ်/တိုင်းဒေသကြီး လိုအပ်ချက်အရ စုစုပေါင်း ၁၁၉၇၄သိန်း လျာထား ပြီးဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။
- မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်မီးရရှိရေးအတွက် အနိမ့်ဆုံး စနစ်ဖြစ်သည့် ဆိုလာစနစ်ဖြင့် မီးရရှိရန် သတ်မှတ်ထားပါသည်။ ကုမ္ပဏီမှ မီးလင်းရေးအတွက် မီးချောင်း သုံးချောင်း၊ ပန်ကာ၊ တီဗွီ သုံးလျှင် တစ်လလျှင် ၂၅၀၀ သွင်း၍ ၁၀ နှစ် ဆပ်သည့် စနစ်ကို ကမ်းလှမ်းထားရှိပါသည်။

လယ်ယာသုံး စက်ကိရိယာနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးမှု အခြေအနေ
- လက်တွန်းထွန်စက်နှင့် ထွန်စက်အကြီးများကို သုံးနှစ်တွင် လေးရစ်အရစ်ကျခွဲပြီး ပေးချေ၍ ဝယ်ယူနိုင်ရန်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ငွေချေး၍ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်ပေးမှု အခြေအနေ
- တောင်သူများ စိုက်ပျိုးစရိတ် အရင်းအနှီး ရရှိစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုး၊ ဆောင်း၊ မိုးကြိုသီးနှံများ ခွဲခြား၍ ချေးငွေထုတ်ပေးရာတွင် စပါးသီးနှံတွင် ယခင်က တစ်ဧကကိုကျပ်နှစ်သောင်း ချေးရာမှ ကျပ်ငါးသောင်းနှုန်းသို့ တိုးမြှင့်ထုတ်ချေးခဲ့ပြီး ယခုနှစ် မိုးရာသီတွင် တစ်သိန်းကျပ်နှုန်းအထိတိုးမြင့် ချေးပေးခဲ့ပါသည်။ ထို့ပြင် ဆောင်းသီးနှံများအတွက်တစ်ဧကလျှင် ကျပ်နှစ်သောင်းထိ လည်းကောင်း၊ ချက်ကြံသီးနှံအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထိလည်းကောင်း တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပြီးဖြစ်၍ တောင်သူလယ်သမားများ ပိုမိုအထောက်အပံ့ရရှိစေနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
- လယ်ယာမြေကို ၁၀ ဧကအထိ ပိုင်ဆိုင်ပါက လုပ်ကွက်ငယ်တောင်သူအဖြစ် သတ်မှတ်ပြီး ငွေချေးယူနိုင်ပြီး တစ်နိုင်ငံလုံးအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၃ မိုးရာသီ၊ ဆောင်းရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေကျပ် ဘီလီယံတစ်ထောင်ကျော်ကို ထုတ်ချေးပေးလျက်ရှိပါသည်။ သမဝါယမဝန်ကြီးဌာနမှလည်း အသေးစားချေးငွေများ ထုတ်ချေးလျက် ရှိပါသည်။
မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးမှု အခြေအနေ
- မြန်မာနိုင်ငံတွင် စပါးမျိုးကွဲပေါင်း (၁၀၀) ကျော်ရှိ၍ ပဲခူးတိုင်းဒေသကြီးအတွင်း စပါးမျိုးကွဲ (၃၀) ကျော်ရှိသည့်အနက် ရေမြေကွဲပြားခြားနားချက်အရ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသောစပါးမျိုးကွဲ (၃) မျိုးသာ စိုက်ပျိုးရန် နိုင်ငံပိုင်ခြံများမှ စပါးမျိုးများ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
- အကျိုးတူ မျိုးစေ့ထုတ်လုပ်ငန်းများကို ပုဂ္ဂလိကနှင့် နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်၍ တိုင်းဒေသကြီး အလိုက်၊ မြို့နယ်အလိုက် မျိုးသန့်ဇုန်များ တည်ထောင်ပြီး ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိပါသည်။
မြေဩဇာဝယ်ယူရရှိရေးနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် စိုက်ပျိုးရေးဦးစီးဌာမှ ဆောင်ရွက်ပေးမှု အခြေအနေ
 - သနပ်ပင်မြို့နယ်၏ စပါးစိုက်ဧကများအတွက် ယူရီးယား ဓာတ်မြေဩဇာ လိုအပ်ချက်များကို စုစည်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးပို့လာခြင်းအား စွမ်းအင်ဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဝယ်ယူခွင့်ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ပေးပြီးဖြစ်ပါသည်။
လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်နှင့် ပတ်သက်၍ မေးမြန်းချက်အပေါ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးမှု အခြေအနေ
- အများအကျိုးစီးပွားအတွက် လယ်ယာမြေကို အခြားနည်းဖြင့်သုံးမည်ဆိုလျှင် လယ်ယာမြေ ဥပဒေအပိုဒ် (၃၀)တွင် အပိုဒ်ခွဲ(က)အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟူ၍လည်းကောင်း၊ အပိုဒ်ခွဲ(ခ)အရသက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့သည် လယ်ယာမြေမှ တစ်ပါး လယ်ယာမြေကို အခြားနည်ြးဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံ ချက်ဖြင့် ခွင့်ပြုနိုင်သည်ဟူ၍ လည်းကောင်း ဖော်ပြချက်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ သည်။
ဓာတုကင်းလွတ်စိုက်ပျိုးရေးနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးမှု အခြေအနေ
- စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတုကင်းလွတ်စိုက်ပျိုးရေး (Organic Farming) ကို သာမကဘဲ (Good Agricultural Pratice) စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်းလေ့ကျင့်ပညာပေး ဆောင်ရွက်နေပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို နေပြည်တော်တွင် နိုင်ငံခြားပို့ကုန် လားအလာရှိသော သခွားမွှေး၊ သရက်၊ ဖရဲ အပြင် အခြားဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ နေပြည်တော်တွင် (Organic Farming Model Farm) တည်ထောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စနစ်တကျ လက်တွေ့ညှိနှိုင်းပြသ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment