ဟင်္သာတ မတ် ၂၃
ဟင်္သာတမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာအသင်းကြီးမှ
ကြီးမှူးကျင်းပသော နွေရာသီကျောင်းသား ကလေးသူငယ်
အားလုံးတို့အတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဆင်းပွဲနှင့် ထူးချွန်ဆုရ
ကျောင်း သား ကျောင်းသူများ ဆုပေးပွဲ အခမ်းအနားကို မတ်လ
(၂၃) ရက်နေ့ နံနက် (၈) နာရီက ဟင်္သာတမြို့ မြစ်ကွေ့ ပရိယတ္တိစာသင်တိုက် ဇေယျာသီရိ သုံးထပ်ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်ကြီး၏
ဦးစီးပဓာန နာယကသက်တော်ရှည် ဆရာတော်
ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင်အောင်ဝင်းက သာသနာရေး
ဆိုင် ရာများကို လျှောက်ထားခဲ့ပါသည်။
ထို့နောက် ဟင်္သာတမြို့နယ်လုံး
ဆိုင် ရာ အဘိဓမ္မာပြန့်ပွားရေး
အသင်းကြီး ဥက္ကဌ ဦးမြင့်အောင်မှ အဟာရဒါန
အလှူရှင်၊ ဆွမ်းအလှူရှင်နှင့်လိုအပ်သော လှူများကို စေတနာ ထက်သက်စွာ လှူဒါန်းပံ့ပိုးကူညီခဲ့ ကြသော စေတနာရှင်အလှူရှင်များ
အားလုံးတို့ကို
ကျေးဇူးတင် ၀မ်းမြောက်ကြောင်း အနု မောဒနာစကားများ ပြန်လည်ပြောကြားကာ အြေ ခခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု
သင်တန်းတာဝန်ခံ နည်းပြဆရာမကြီး ဒေါ်အေးအေးကြူမှ သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက် များနှင့် သင်တန်း
အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲသို့မြို့ နယ် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း သြ၀ါဒ ဆရာတော်ကြီးများနှင့်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင် အောင်ဝင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဇော်မိုးအောင်၊ ရိုင်သာသနာရေး အရာရှိ ဦးဇော်မြင့်ဇော်၊ ခရိုင်နှင့်ြ မို့နယ် အမျိုးသမီး ရေးရာနှင့် မိ ခင်ကလေး စောင့်ရှောက်ရေး
အဖွဲ့ဝင် များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊
ဖိ တ်ကြားထားသူများ၊ အလှူရှင်များ၊ သင်တန်းနည်းပြများနှင့်
သင်တန်း သား/သင်တန်းသူ ကျောင်းသားများ
တက်ရောက် ခဲ့ကြကြောင်းနှင့် ဗု ဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုရ
အကြီးတန်း၊
အငယ်တန်းဆင့်တို့တွင် ဆုရရှိသူများကို တာဝန်ရှိသူများက
ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပါ သည်။ ယခုနှစ်(ဒသမ)
အကြိမ်မြောက် အခြေခံဗုဒ္ဓဘာ သာယဉ်ကျေးမှု သင်တန်းကို ကလေးသူငယ် ကျောင်းသားကျောင်းသူ
စုစုပေါင်း(၃၀၀) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း နှင့် သင်တန်းကာလမှာ
(၁၆) ရက် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ
ကျေးဇူးတင် ၀မ်းမြောက်ကြောင်း အနု
အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲသို့မြို
ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပါ
No comments:
Post a Comment