Friday, March 21, 2014

၂၀၁၄ ဧပြီလသုံး ဓာတ်အားခများကို မေလတွင် နှုန်းထားသစ်ဖြင့် ကောက်ခံသွားမည်

ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ တွင် လျှပ်စစ်ဓာတ်အားခ တိုးမြှင့် ကောက်ခံရန်အတွက် ပြည်ထောင်စု လွှတ် တော်က အတည်ပြုခဲ့ပါသည်။
နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားသုံးစွဲသူများသို့ လက်ရှိရောင်းချ လျက်ရှိသော ဓာတ်အားခနှုန်းထားမှာ အစိုးရဌာနများအတွက် တစ်ယူနစ် လျှင် ၃၅ ကျပ်နှုန်း၊ အများပြည်သူ အိမ်သုံး တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ စက်မှုလုပ်ငန်းသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း ဖြစ်ပါသည်။
ပြောင်းလဲ ကောက်ခံသော ဓာတ်အားခနှုန်းထားအသစ်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်
အိမ်သုံး မီတာ (အိမ်သုံး၊ အိမ်သုံးပါဝါ၊ လမ်းမီး)
၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၀ ကျပ်
၂၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်
စက်မှုသုံးမီတာ
၁ ယူနစ်မှ ၅၀၀ ယူနစ်အထိ ၇၅ ကျပ်
၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
၁၀၀၀၁ ယူနစ်မှ ၅၀၀၀၁ ယူနစ်အထိ ၁၂၅ ကျပ်
၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ်အထိ ၁၅၀ကျပ်
၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်
၃၀၀၀၀၁ ယူနစ်နှင့်အထက် ၁၀၀ ကျပ်
လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့်တိုးတက်လျက် ရှိရာ ယင်းဓာတ်အားသုံးစွဲမှုကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားပေး စက်ရုံများကို ဆောလျင်စွာ တည်ဆောက်ပေးရန် လိုအပ်ပါသည်။ နှစ်စဉ်ဆောင်ရွက်ရန် စီမံကိန်းများချမှတ်ခဲ့သော်လည်း ဘဏ္ဍာငွေအခက်အခဲ ကြောင့် အစိုးရကဏ္ဍ တစ်ခုတည်းအနေဖြင့် အကောင်အထည် မဖော်နိုင်၍ လျှပ်စစ်ဓာတ်အား မလုံလောက်မှုမှာ ဖြစ်ပေါ်ဆဲပင်ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲကောက်ခံမှုသည် ထုတ်လုပ် ကုန်ကျမှုစရိတ်ကို မူတည်၍ အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်ခဲ့ပါ သည်။
လက်ရှိပြောင်းလဲ ကောက်ခံသော ဓာတ်အားခ နှုန်းထားသည် အခြေခံ လူတန်းစားနှင့်အသေးစား စက်မှုလက်မှု လုပ်ငန်းများအတွက် ထိခိုက်မှုမရှိ သည့်အပြင် အကြီးစားစက်မှု လုပ်ငန်းရှင်များ အတွက်လည်း သုံးစွဲယူနစ်များ ပါက ဓာတ်အားခနှုန်းထား လျှော့ချပေးထားပါသည်။
အိမ်သုံးယူနစ် ၁၀၀ အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ အထိ ၄၀ ကျပ်၊ ယူနစ် ၂၀၁ အထက် ၅၀ ကျပ်နှုန်း လျာထားသတ်မှတ်ပါက ယူနစ် ၁၀၀ အထိသာ သုံးစွဲသူသည် မူလဓာတ်အားခအတိုင်း ရှိမည်ဖြစ်ပြီး ယူနစ် ၂၀၀ အထိ သုံးစွဲသူများသည် ယခင် ၇၀၀၀ ကျပ် ကျသင့်ရာမှ ပြင်ဆင်မည့် နှုန်းထားအရ ၇၅၀၀ ကျပ် ကျသင့်မည်ဖြစ်ရာ ၅၀၀ ကျပ်သာ ပိုမိုပေးရမည် ဖြစ်ပါသည်။ အခြေခံဓာတ်အားသုံးစွဲသူအများစုသည် ယူနစ် ၂၀၀ အောက် တွင်သာ သုံးစွဲကြပါသည်။
အလားတူအိမ်တွင်း စက်မှုလုပ်ငန်းများအနေဖြင့် ယူနစ် ၅၀၀၀ အထိ သုံးစွဲသူသည် လက်ရှိနှုန်းအရ ၃၇၅၀၀၀ ကျပ် ကျသင့်ပြီး နှုန်းသစ်အရ ပထမ ယူနစ် ၅၀၀ အတွက် ၃၇၅၀၀ ကျပ်၊ ဒုတိယ ယူနစ် ၄၅၀၀ အတွက် ၄၅၀၀၀၀ ကျပ် စုစုပေါင်း ၄၈၇၅၀၀ ကျပ် ကျသင့်မည်ဖြစ်ရာ ကျပ် ၁၁၂၅၀၀ သာ ပိုမိုကျသင့်မည်ဖြစ်ပါသည်။
ဓာတ်အားခနှုန်းထား ပြောင်းလဲကောက်ခံခြင်းဖြင့်-
- လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံခြင်းကြောင့် တိုးမြှင့်ရရှိသော ငွေဖြင့် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးရန် လိုအပ်သောဒေသများ အတွက် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများဆောက်လုပ်နိုင် မည်ဖြစ်ခြင်း။
- ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ၏ ထိန်းသိမ်းပြုပြင်မှုများ ပိုမို ဆောင်ရွက်နိုင်ခြင်းဖြင့် လက်ရှိဓာတ်အား သုံးစွဲသူများအနေဖြင့် ဗို့အားပိုမို ပြည့်မီစွာ သုံးစွဲလာနိုင်ခြင်း၊ ဓာတ်အားပိုမိုထုတ်လုပ်နိုင် သဖြင့် ဓာတ်အားမလောက်၍ နွေရာသီအလှည့်ကျ ဓာတ်အား ဖြတ်တောက်ခံရမှု မရှိတော့ခြင်း။
- စက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း ဓာတ်အားပိုမိုပြည့်ဝစွာ ရရှိလာနိုင်ခြင်းဖြင့် ဓာတ်အားပြတ်တောက်မှုမရှိဘဲ ကုန်ထုတ်လုပ်မှု ပိုမိုဆောင်ရွက်နိုင်ခြင်း။
- ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးမှုမှန်ကန်ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အချိန်တိုအတွင်း ဓာတ်အားကွန်ရက်ချဲ့ထွင်နိုင်ခြင်း။
- လျှပ်စစ်ဓာတ်အား ကွန်ရက်ချဲ့ထွင်ခြင်းဖြင့် စက်မှုကုန်ထုတ် လုပ်ငန်းများတိုးချဲ့နိုင်ခြင်း၊ နိုင်ငံ့စီးပွားနှင့်ကဏ္ဍစုံတွင် တိုးတက် လာနိုင်ပြီး ပြည်သူများအလုပ်အကိုင်အခွင့်အရေးများ ရရှိလာ နိုင်ခြင်း။
- ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အလျှံအပယ် သုံးစွဲမှုအစား ခြိုးခြံချွေတာသုံးစွဲလာနိုင်၍ ပိုလျှံလာသည့် လျှပ်စစ် ဓာတ်အားကို လိုအပ်သည့် ဒေသများသို့ပို့လွှတ်ဖြည့်ဆည်းပေး နိုင်ခြင်း။
- လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် နိုင်ငံတော်က စိုက်ထုတ် သုံးရသည့်ငွေကို ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍများတွင် အကျိုးရှိစွာ သုံးစွဲနိုင်ခြင်း။
ဓာတ်အားခနှုန်းထားပြောင်းလဲကောက်ခံမှုကို ၂၀၁၄ ခုနှစ် ဧပြီလ အတွက် အသုံးပြုသောဓာတ်အားခမှ စတင်ကောက်ခံခြင်းဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာတွင် တစ်လအသုံးပြုပြီး ဓာတ်အားခကို နောက်လကျမှ ကောက်ခံသည့်စနစ်ဖြစ်သဖြင့် ဧပြီလအတွက် ဓာတ်အား ခကို မေလကျမှ ပေးချေရမည်ဖြစ်ပါသည်။ မေလ ၁ ရက်မှ ၁၀ ရက်အထိ မီတာဖတ်ခြင်း၊ မီတာငွေတောင်းခံလွှာများ ဖြန့်ဝေခြင်း ဆောင်ရွက် ပြီး ဓာတ်အားသုံးစွဲသူများအနေဖြင့် မေလ ၁၅ ရက်ကျမှ ဓာတ်အားခပေး ဆောင်ကြရမည်ဖြစ်၍ ဧပြီလဆန်းမှ ရေတွက်ပါက ရက်ပေါင်း ၄၀ ကြာမှ ဓာတ်အားခပေးဆောင်ရမည်ဖြစ်ပါသည်။ ဓာတ်အားခနှုန်းထားသစ်သည် ဓာတ်အားရရှိပြီးသော ပြည်သူများ၊ ဓာတ်အားမရရှိသေးသော ပြည်သူများ၊ စက်မှုလုပ်ငန်းရှင်များအတွက်ပါ သင့်လျော်သော ဈေးနှုန်းကို ပြောင်းလဲ သတ်မှတ်ပေးခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။
ဝေယံ

No comments:

Post a Comment