ရန်ကုန်
မတ် ၂၀
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်
ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း
ဦးဆောင်သည့် UN လက်အောက်ခံအဖွဲ့အစည်းများ ဖြစ်သည့် UNICEF၊ UNOCHA၊ UNHCR၊ UNDP၊ UNFPAတို့မှ
တာဝန်ရှိသူများနှင့် INGOs
အဖွဲ့အစည်းများဖြစ်သည့် IRC၊ Malteser၊ RI၊ ACF၊ DRC တို့မှ
ကိုယ်စားလှယ်များသည် မတ် ၁၉ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း
တည်ဆောက်လျက်ရှိသည့် စာသင် ကျောင်းများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလက်မှု
လုပ်ငန်းများ သင်ကြားပေးနေသည့် မင်းပြားမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများသို့
သွားရောက် ကြည့်ရှုစစ်ဆေး
ခဲ့သည်။
ထို့နောက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းပြားမြို့နယ် ဆန်ထိုးတန်း ကျေးရွာကယ်ဆယ်ရေးစခန်းသို့
သွားရောက်ခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများ သဟဇာတဖြစ်စွာနေထိုင်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက် နေမှုတို့ကို လေ့လာကြည့်ရှုခဲ့ပြီး UN အဖွဲ့အစည်းများ၊ INGOs အဖွဲ့ အစည်းများနှင့်အတူ
ဒေသတွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ် မြောက်ဦးဟိုတယ်၌ မြို့မိမြို့ဖများနှင့်
တွေ့ဆုံ၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသည်။
မတ်
၂၀ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ သဒ္ဓမ္မဂရုဘုန်းတော်ကြီး ကျောင်းသို့သွားရောက်၍ ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး
လှူဖွယ်ပစ္စည်း များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးကျောင်းသို့
သွားရောက်ကြည့်ရှုပြီး စစ်တွေလေဆိပ် ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြို့မိမြို့ဖများ၊ UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်
ခရီးစဉ်အတွင်း တွေ့ရှိခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ကို ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများရရှိနိုင်ရေး
ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment