မောင်ယဉ်ကျေး
(ညောင်လေးပင်)
“သား-ဗိုက်ကြီးသည်ကို
ရေမလောင်းနဲ့ မိုးခေါင်တတ်တယ်”ဟု အမေသည် ကျွန်တော်ငယ်ငယ်က ဆုံးမခဲ့ဖူးပါသည်။ သင်္ကြန်
အကြိုနေ့ ကတည်းက ကျွန်တော်တို့ အောက်မြန်မာနိုင်ငံဒေသများတွင် ရေစတင်လောင်းကြပက်ကြပါသည်။
အခုလည်းထိုနည်းအတိုင်းပင်။ ရေပက်လို့ စိတ်ဆိုးရင် ကျွန်တော်တို့ အော်ပြေခဲ့သည်မှာ “သင်္ကြန်ကျလို့
ရေပက်တာစိတ်မဆိုးပါနဲ့ကွယ်” ဟု လှောင်ပြောင်အော်ပြောတက်ကြသည်။ ဥပုသ်စောင့်သူကို ရေမပက်ရန်
အမေပြောဖူးသည်။ ဥပုသ်စောင့် ဘုရားကျောင်းကန်သွားသူများကိုလည်း ရေမလောင်းကြရန်ပြော ဆိုဖူးကြပါသည်။
သာမန် သွားလာသူကို ရေပက်မိပါက အဝတ်အထည်များ ရေစိုပါမည်။ နေလှန်းပါက အဝတ်များခြောက်မည်။
ဗိုက်ကြီးသည်ကို ရေပက်မိပါက အဝတ်များရေစိုမည်။ ကြာလျှင် ဗိုက်ထဲကကလေးမှာ အအေးပတ်နိုင်သည်။
မိုးခေါင် မခေါင် အတတ်မပြောနိုင်ပါ။
ယခုအခါ
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မည့် ကာလမှာ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ရက်နေ့အထိ
ဖြစ်သည်။ သန်းခေါင်စာရင်း မေးခွန်းများစုစည်းပြီး မြို့နယ်လ၀ကရုံးများသို့ ပေးပို့မည့်ရက်မှာ
ဧပြီ ၁၁ရက်၊ ၁၂ရက် ခရီးဝေးလျှင် ၁၃ရက်အထိ ဖြစ်သွားနိုင်သည်။ စာရင်းကောက်၊ စာရင်းစစ်ဆရာ၊
ဆရာမများမှာ မေးခွန်းစာရွက်များနှင့်အတူ မြို့နယ် လဝကသို့ အထက်ပါ ရက်များတွင် သွားရောက်အပ်နှံကြမည်မှာ
မလွဲဧကန်ပင်။ ကျွန်တော်တို့ဒေသ၌ ဧပြီလ (၁၁/၁၂)ရက်များတွင် စတင်ရေကစားလေ့ရှိကြပါသည်။
သန်း ခေါင်စာရင်းမေးခွန်းများကို ဆရာ ဆရာမများ မည်သို့ သယ်ဆောင်ကြမည်နည်း၊ သာမန် ထုပ်ပိုးပြီး
သယ်၍မဖြစ်၊ သင်္ကြန်ရေနှင့် တိုးတော့မည်။ အလေးအနက်ထားစဉ်းစားပြီး ဂရုပြု ဆောင်ရွက်ရမည့်အချိန်
ဖြစ်သည်။ ကျွန်တော်စိတ်ပူပန်မိသည်။ တစ်ရေးနိုးသော် အကြံပေါ် ဆိုပေမယ့် အကြံပေါ်သော်လည်း
စိုးရိမ်စိတ်ဖြစ်နေသည်။
ပေါ်လာသည့်အကြံမှာ
စာရင်းကောက်ပြီးမေးခွန်းများကို စနစ်တကျ စုစည်း၍ ပလတ်စတစ်အိတ်ဖြင့် ရေလုံအောင် ထုပ်ပိုးပြီး
စက္ကူပုံးထဲထည့်ကာ အဆိုပါ စက္ကူပုံးကို ပလတ်စတစ်အိပ်ဖြင့် ထပ်မံထုတ်ပိုးပြီးမှ သယ်ဆောင်သင့်ပါသည်။
သန်းခေါင်စာရင်းမေးခွန်းများကို ယခုကဲ့သို့ ထုပ်ပိုးရခြင်းမှာ မေးခွန်းများသည် ရေစိုမခံ၊
ဖုန်မှုန့်၊ သဲပေကျံ၍မရ၊ စုတ်ပြဲ၍မဖြစ်ပါ။ မေးခွန်းပုံစံများအား UNFPA ၏ လှူဒါန်းမှူဖြင့်
အင်္ဂလန်နိုင်ငံမှာ ပုံနှိပ်ကြောင်း သင်တန်း တက်ရောက်စဉ် တာဝန်ရှိသူက ပြော၍ သိရှိရပါသည်။
တန်ဖိုးကြီး၊ ကုန်ကျစရိတ်များသော မေးခွန်းများကို ရေမစို၊ မစုတ်ပြဲအောင် ထိန်းသိမ်းရမည်မှာ ကျွန်တော်တို့၏ တာဝန်ကြီါ် ဖြစ်နေသည်။ စာရင်းကောက်၊
စာရင်းစစ် များကို ကူညီပံ့ပိုးပေးမည့် အထောက်အကူပြု
အဖွဲ့များကလည်း ရေမစိုအောင်ဝိုင်းဝန်း ထိန်းသိမ်းပေးကြရန် လိုအပ်လာပါမည်။ (၄၆) လတာ
ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ကူရေး လုပ်ငန်းကြီး
အောင်မြင်ရန် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်လာသည်။ အနည်းငယ်မျှ အမှားအယွင်းမခံပါ။ မြေပုံရေးဆွဲခဲ့ရသည့်
အချိန်၊ ကောက်ကွက်မြေပုံများရေဆွဲခဲ့ရသည့်အချိန်၊ အဆောက်အအုံစာရင်းများ ပြုစုရမည့်အချိန်နှင့်
ကုန်ကျခဲ့သည့် ငွေကြေးပမာဏများသည် တစ်နိုင်ငံလုံးအတွက် များစွာတန်ဖိုးကြီးမားပါသည်။
စာရင်းကောက်ပါသည်။
သင်္ကြန်ကျလို့ ရေပက်တာထုံးစံဖြစ်ပေမယ့် သင်္ကြန်မကျမီ ဧပြီလ ၁၀-၁၁-၁၂ ရက်များတွင် စာရင်းစစ်၊
စာရင်းကောက်များကို ရေမလောင်း၊ ရေမပက်ကြစေလိုပါ။ ၁၂ ရက်ကြာ စာရင်းကောက်ခံရသော သန်းခေါင်စာရင်း
မေးခွန်းများကို ရေမစိုရေးအတွက် ပြည်သူအားလုံး ဝိုင်းဝန်း ထိန်းသိမ်း ကြပါစို့။
No comments:
Post a Comment