နေပြည်တော်-မတ်(၂၃)
နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်နိုင်ရေးအတွက် မြို့ပြ /ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့်
စိုက် /မွေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့်အဖွဲ့သည် မတ်(၂၁)ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာခရိုင် လယ်ဇင်ကျေးရွာအစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ခရိုင်
/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
လုပ်ငန်းကော်မတီအနေဖြင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ
ဆု(၂)ဆု၊ မွေးမြူရေးကဏ္ဍဆိုင်ရာ ဆု(၃)ဆုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်ဆုနှင့်
ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးစံပြကျေးရွာဆု အပါအဝင် ဆု(၇)မျိုးတို့ကို စိစစ်ရန် သွားရောက်ခြင်းဖြစ်ကြောင်းသိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မတ်(၂၁)ရက် နံနက်ပိုင်းတွင်
မုံရွာမြို့နယ် လယ်ဇင်ကျေးရွာ၏ ရှေးဟောင်း ရွာလူကြီးဟောင်းအိမ်၊]]ပညာရောင်ခြည်}}စာကြည့်တိုက်၊
ရွှေရည်ဝင်း မြေပဲဆားလှော်လုပ်ငန်း၊ စွမ်းအားမြှင့် မီးဖိုအသုံးချ သုံးစွဲနေမှုများအား
ကြည့်ရှုစစ်ဆေးခြင်း၊ ကျေးလက်ဒေသ အရန်မီးသတ်တပ်ဖွဲ့စခန်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲ၊
မြဘုရင်နို့ချက်စက်ရုံ၏ နို့ကောက်စခန်း၊ ကြာဇံစက်ရုံ၊ နွားမွေးမြူရေးဇုန်၊ ကွမ်းရွက်များ
စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် အခြေခံပညာ အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော
ဓမ္မသင်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ (သတင်းစဉ်)
No comments:
Post a Comment