နေပြည်တော်-မတ်(၂၃)
နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေးအတွက် စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်
အဖွဲ့သည် မတ်(၂၁)ရက်နှင့် (၂၂)ရက်တို့တွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးမြို့နယ်၊
မင်းဘူးမြို့နယ်၊ ရေစကြိုမြို့နယ်ရှိ စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေးအတွက် မကွေးတိုင်းဒေသကြီးမှ
ပဏာမစိစစ်ရွေးချယ်ထားသည့် အသင်းအဖွဲ့၊ လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်စစ်ဆေး
အကဲဖြတ်ဆောင်ရွက်ခဲ့သည်။
မတ်(၂၁)ရက်တွင် ထူးချွန်စီးပွားရေးအသင်းအဖွဲ့ဆုအတွက်
မကွေးမြို့ နတ်မောက်လမ်းရှိ မြို့နယ်သမဝါယမအသင်းစုသို့ သွားရောက်ခဲ့ပြီး အသင်း၏ ဆီကြိတ်ခွဲစက်ရုံနှင့်
စံပြကုန်ပဒေသာ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး အကဲဖြတ်အမှတ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တန်ဖိုးမြှင့်ထုတ်ကုန် ထူးချွန်ထုတ်လုပ်ရောင်းချနိုင်သည့်
စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် တောင်တွင်းလမ်းရှိ အမေထွားနှင့် သားများဆီစက်လုပ်ငန်းသို့
သွားရောက်ခဲ့ပြီး ပဲဆီသန့်၊ နှမ်းဆီသန့် ထုတ်လုပ်သည့် ဆီကြိတ်ခွဲစက်ရုံသို့ ကွင်းဆင်းစစ်ဆေး
အကဲဖြတ်အမှတ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ထုတ်လုပ်ရောင်းချမှု ထူးချွန် အသေးစားစီးပွားရေး
လုပ်ငန်းရှင်ဆုအတွက် မင်းဘူးမြို့ ရွာသာယာကျေးရွာရှိ မြန်မာ့မြေ စွမ်းအားမြင့် အေဝမ်းမီးဖို
ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်စစ်ဆေးသည်။
မတ်(၂၂)ရက်တွင် ထုတ်လုပ်ရောင်းချမှု ထူးချွန်အလတ်စား
စီးပွားရေးလုပ်ငန်းရှင်ဆုအတွက် ရေစကြိုမြို့ အမှတ်(၇)ရပ်ကွက်ရှိ ကံပွင့် အမွှေးတိုင်အလုပ်ရုံကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment