နေပြည်တော်-မတ်(၂၃)
ပို့ဆောင်ဆက်သွယ်ရေးနှင့်
ဆောက်လုပ်ရေးဆပ်ကော်မတီ (Delivery Unit) ဒုတိယဥက္ကဋ္ဌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းသန်းသည် မတ်(၂၂)ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ
(Delivery Unit) ခရီးစဉ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မိုင်းဖြတ်-တာလေ လမ်းပိုင်း
ကီလိုမီတာ တိုင်အမှတ်(၈၃) အနီးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည့်
တောင်ကြီး-လွယ်လင်-ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် မြေအောက်ဖိုင်ဘာဆက်ကြောင်း (96
Core) ကေဘယ်လ်ချခြင်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ
ဖိုင်ဘာဆက်ကြောင်းသည် (၆၅၀) ကီလိုမီတာ ရှည်လျားပြီး ရှမ်းပြည်နယ်အတွင်း တောင်ကြီး-လွယ်လင်-နမ့်စန်-ကျိုင်းတုံ-
မိုင်းဖြတ်- တာချီလိတ်မြို့များအား ဆက်သွယ်ချခင်း သွားမည်ဖြစ်သည်။ ကေဘယ်လ် ချခြင်းလုပ်ငန်းအား
၂၀၁၄ ခုနှစ် မေလကုန်ခန့်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ပြီး ခေတ်မီ (DWDM) ဖိုင်ဘာဆက်သွယ်ရေးစက်ပစ္စည်းများ
ဆက်လက်တပ်ဆင် သွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
အဆိုပါ ဖိုင်ဘာဆက်ကြောင်း ပြီးစီးသွားပါက ရှမ်းပြည်နယ်အတွင်း၊
ဒေသအတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည်သာမက အိမ်နီးချင်းနိုင်ငံများနှင့်ပါ ချိတ်ဆက်၍
နယ်စပ်ဖြတ်ကျော်၊ ကုန်းတွင်း ပြည်ပ ဆက်ကြောင်းများအဖြစ်လည်း ဆက်သွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment