Sunday, March 23, 2014

မိုင်းယုမြို့နယ်တွင် ၂၄ နာရီ မီးလင်းရေး ရေအားလျှပ်စစ်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု မြို့နယ်ခွဲတွင် ၂၄ နာရီ မီးရရှိရေးရေအားလျှပ်စစ်ဖွင့်ပွဲကို မတ် ၁၉ ရက်က မြို့မရပ်ကွက် ဘောလုံးကွင်းအနီး၌ ကျင်းပခဲ့ကြောင်း သိရ သည်။ အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းဖြတ်နဂါး သတ္တုတူးဖော်ရေးကုမ္ပဏီမှ အထူးဒေသ ကျိုင်းခမ်းမြို့ ရေအား လျှပ်စစ် စက်ရုံမှတစ်ဆင့် ၁၀၀ ကေဗွီအေနှင့် ၁၆၀ကေဗွီအေစက်ရုံငယ်များ ပြန် လည်တည်ဆောက်ပြီး
မိုင်းယုမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များသို့ လျှပ်စစ်ဓာတ်အား ၂၄နာရီ ဖြန့်ဝေသွားမည်ဖြစ်ပြီး၊ ယခုနှစ်ကုန်ပိုင်းတွင် မိုင်းယောင်းမြို့နယ်သို့ ဆက်လက်သွယ်တန်း ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။ ဝေယံလင်း(iprd)

No comments:

Post a Comment