ရန်ကုန် ဖေဖော်ဝါရီ
၁၅
ရန်ကုန်မြို့
ဗဟန်းမြို့နယ် အမှတ်(၁၅၀) ငါးထပ်ကြီး ဘုရားလမ်း ရှိ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းနှင့် မြန်မာ နိုင်ငံသားများပိုင်
Global Direct Link ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် The New
Light of Myanmar သတင်းစာတိုက် အဆောက်အအုံ တည်ဆောက်နေမှု ကို ပြန်ကြားရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးပိုက်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု စစ်ဆေးသည်။
အကျိုးတူ
ပူးပေါင်း ဆောင်ရွက်မှုကို ၂၀၁၃ ခုနှစ်အတွင်း Global New Light of Myanmar ကုမ္ပဏီ လီမိတက်
အမည်ဖြင့် မှတ်ပုံတင်ခွင့် ရရှိထားပြီး အဆောက်အအုံ စတင် တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်
ဩဂုတ် ၁၆ ရက်တွင် စတင်ခဲ့သည်။ ယခုအခါ အဆောက်အအုံ ဆောက်လုပ်မှု ၇၀ ရာခိုင်နှုန်း၊
Mitsubishi Lithopia 4 Hi Tower 3 Unit Offset အမျိုးအစား ပုံနှိပ်စက်နှင့် ဆက်စပ်
ပစ္စည်းများ တပ်ဆင်မှု ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
ထို့နောက်
ငါးထပ်ကြီး ဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း ဖိုသိုလစ်သို
ပုံနှိပ်စက်ရုံ၌ ၂၀၁၄ ၂၀၁၅ ပညာသင်နှစ် အတွက် မူလတန်း ကျောင်းသုံး ဖတ်စာအုပ်များ ထုတ်ဝေ
ဖြန့်ချိရန် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
မွန်းလွဲပိုင်းတွင်
အင်းစိန်မြို့နယ် အောင်ဆန်းရှိ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း ဂျီတီစီစာပေနှင့်
အောင်ဆန်း ပုံနှိပ်စက်ရုံ၌ မူလတန်း ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်နေမှုကို ကြည့်ရှု
စစ်ဆေးသည်။
ယင်းနောက်
ဒုတိယဝန်ကြီးသည် စက်ရုံမှ တာဝန်ရှိသူများအား တွေ့ဆုံပြီး ပညာရေး ဝန်ကြီးဌာနမှ လုပ်ငန်း
အပ်နှံထားသော ကျောင်းသုံး ဗလာ စာအုပ်များအား အရည်အသွေး ပြည့်မီ ကောင်းမွန်စွာ ရိုက်နှိပ်ရေး၊
အလေအလွင့် နည်းပါးရေး၊ ထုတ်လုပ်မှုများကို သတ်မှတ်ချိန် ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်
ကင်းရှင်းရေး၊ မီးဘေးလုံခြုံမှု ကြိုတင် ကာကွယ် ထားရှိရေး၊ ဝန်ထမ်းများ၏ အခက်အခဲများကို
တာဝန် ရှိသူများက ဝိုင်းဝန်းကူညီ စောင့်ရှောက် ပေးရေးနှင့် ဌာနတွင်း စည်းလုံး ညီညွတ်မှု
ရှိရေးတို့ကို ဆွေးနွေး မှာကြားခဲ့သည်။



No comments:
Post a Comment