၃။ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ
တက္ကသိုလ် အသီးသီးသို့ တက်ရောက်နေကြသော တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သွားလာရေး
အဆင်ပြေစေရန် ကျောင်းဖယ်ရီ (သို့) ဘတ်စ်ကားလိုင်းများ ပြေးဆွဲပေးရန် မေးမြန်းချက်နှင့်
ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ခရီးသွား ပြည်သူများ၊ ကျောင်းသား
ကျောင်းသူများ သွားလာမှုအတွက် အခြေပြု ပြေးဆွဲယာဉ် လိုင်းပေါင်း ၂၇ လိုင်း၊ ယာဉ်စီးရေ
၅၇၃ စီး ပြေးဆွဲပေးလျက် ရှိပါသည်။ City Bus ယာဉ် ၃၄၂ စီး၊ ဒိုင်နာယာဉ် အစီး၉၀၊ BM ယာဉ်
၁၄၁ စီး ဖြစ်သည်။ ထို့အပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်သို့ ဖြတ်သန်း ပြေးဆွဲယာဉ်လိုင်း
လေးလိုင်းနှင့် ယာဉ်စီးရေ ၄၄ စီးရှိသည်။ ၃၆ ယာဉ်ကြီး (အဖြူယာဉ်လိုင်း) သည် ယာဉ်စီးရေ
၁၈ စီးဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်မှ အခြေပြု ပြေးဆွဲရန်
ခွင့်ပြုချက် ရရှိပြီး ဖြစ်၍ မကြာမီ ပြေးဆွဲပေးနိုင်မည် ဖြစ်သည်။ မထသ (ဗဟို)၏ စီမံမှုအောက်ရှိ
ယာဉ်လိုင်းများမှ တက္ကသိုလ် ၁၀ ခုရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းကြိုယာဉ်များ
အဖြစ် ညှိနှိုင်း စီစဉ် ဆောင်ရွက် ပေးထားသည့် မော်တော်ယာဉ်များမှာ ၅၄ စီး ဖြစ်ပါသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းကြို/
ပို့ယာဉ် အဖြစ် ညှိနှိုင်း ဆောင်ရွက် ပေးထားသော ယာဉ်မှာ ငါးစီး ဖြစ်သည်။ ကျောင်းသား
ကျောင်းသူများ၏ လိုအပ်ချက်အရ စုပေါင်း၍ ကြို/ပို့ယာဉ် အဖြစ် ငှားရမ်းလိုပါက မထသ (ဗဟို)သို့
အကြောင်းကြားလျှင် ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ဖြေကြား အပ်ပါသည်။
၎။ (၁၀၆) BM ကားများအစား Air-Con Bus
များ ပြေးဆွဲပေးနိုင်ပါရန် မေးမြန်းချက်နှင့်ပတ်သက်၍ (၁၀၆) ယာဉ်လိုင်းမှာ ဒိုင်နာယာဉ်များဖြင့်
ပြေးဆွဲသော ယာဉ်လိုင်း ဖြစ်ပါသည်။ ၁၀၆ ဒိုင်နာ (အဖြူ၊ အပြာ)နှင့် (၁၀၆) ဒိုင်နာ(အနီ)
ဟူ၍ ယာဉ်စီးရေ ၄၂ စီးဖြင့် နှစ်လိုင်းခွဲ၍ ပြေးဆွဲပေးပါသည်။ (၁၀၆) ဒိုင်နာ (အဖြူ၊အပြာ)မှာ
တောင်ဒဂုံ ဘုန်းကြီးကျောင်း ကွေ့မှ စံပြဈေးဖြတ်၍ တာမွေဗလီသို့ ယာဉ်စီးရေ ၂၂ စီးဖြင့်
ပြေးဆွဲပါသည်။ (၁၀၆) ဒိုင်နာ (အနီမှာ)တောင်ဒဂုံ (၈၈) ရပ်ကွက်မှ စတင်ပြေးဆွဲပြီး သာကေတ
(၇)ဈေး၊ ၎င်းမှ တာမွေ အခွန်လွတ်ဈေးထိ ယာဉ်စီးရေ ၂၀ ဖြင့် ပြေးဆွဲပါသည်။ ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များ၏
ယာဉ်များ ဖြစ်ပါသဖြင့် ၎င်းတို့ ယာဉ်လဲလှယ် ပြေးဆွဲမှုအရသာ Air-Con Bus အဆင့်မြင့်ယာဉ်ဖြင့်
အစားထိုး ပြေးဆွဲမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်မှ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်
အစားထိုး တင်သွင်းမှု ခွင့်ပြုချက်အရ ဒိုင်နာ၊ ဟိုင်းလပ်များ အပ်နှံ၍ မီနီဘတ်(စ်) ယာဉ်များ
အစားထိုး တင်သွင်းမှု ပြုလုပ်လျက် ရှိပါသည်။ ဒိုင်နာ၊ ဟိုင်းလပ်ယာဉ် အစားထိုး၊ မီနီဘတ်(စ်)ယာဉ်
၈၇ စီး ပြေးဆွဲခွင့် တင်ပြလျက် ရှိရာ ၆၉ စီးမှာ ပြေးဆွဲခွင့်ပြုပြီး ဖြစ်ပါကြောင်း
ဖြေကြား အပ်ပါသည်။
၅။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည်
အခြေခံ လူတန်းစား အများဆုံး နေထိုင်သည့် မြို့နယ်ဖြစ်ပြီး အခြေခံ လူတန်းစားများမှာ
မိမိတို့ စားဝတ်နေရေး အတွက် အခြား မြို့နယ်များသို့ သွားရောက်ပြီး အလုပ် လုပ်ကိုင်နေသူများ
ဖြစ်ပါသည်။ သို့ပါ၍ မိမိတို့ လုပ်ငန်းခွင်သို့ သွားရောက်ရာတွင် လိုင်းကားများကိုသာ
အားထား၍ သွားလာကြရသူများ ဖြစ်သောကြောင့် အဆိုပါ လိုင်းကားများအား လူဦးရေ အချိုးအစားနှင့်
ညီမျှမှုဖြစ်စေရေး အတွက် (မထသဌာန) အနေဖြင့် ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲ သင့်ပါကြောင်းနှင့်
လက်ရှိ ပြေးဆွဲနေသော လိုင်းကားများကိုလည်း အစီးရေ တိုးချဲ့ ပြေးဆွဲပေးရန် မေးမြန်းချက်နှင့်
ပတ်သက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လက်ရှိ ယာဉ်လိုင်း အဖွဲ့အစည်းပေါင်း
ငါးဖွဲ့မှ ယာဉ်လိုင်းပေါင်း ၂၃ လိုင်း ယာဉ်စီးရေ ၅၂၃ စီး ပြေးဆွဲပေးလျက် ရှိပါသည်။
ယာဉ်အမျိုးအစား အနေဖြင့် City Bus ယာဉ် ၂၇၂ စီး၊ BM ယာဉ် ၁၂၉ စီးနှင့် ဒိုင်နာယာဉ်
၁၂၂ စီးဖြစ်ပါသည်။ ထို့အတူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တစ်ခုလုံးတွင် ဖြတ်သန်း
ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်းပေါင်း ၁၂ လိုင်းနှင့် ယာဉ်စီးရေ ၁၅၈ စီးရှိပါသည်။ နိုင်ငံတော်မှ
ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုစနစ် ဖော်ဆောင်သည့် အခါ ဒဂုံမြို့သစ် (တောင်ပိုင်း)၌ ပြေးဆွဲနေသော
ချက်ပလက် ယာဉ်လိုင်းများ လျော့နည်း သွားခဲ့ပါသည်။ သို့ရာတွင် ယာဉ်သစ်များ အစားထိုး
တင်သွင်းသည့် အခါ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ခရီးသွား ပြည်သူလူထုများ၏
ဆက်သွယ် ဆောင်ရွက်မှုများကြောင့် ယာဉ်ပိုင်ရှင်များနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ခဲ့ရာ
အစားထိုး တင်သွင်းယာဉ် City Bus ယာဉ်လိုင်း ငါးလိုင်း အင်အားဖြည့် ပြေးဆွဲသော ယာဉ်ကြီး
တစ်လိုင်း၊ စုစုပေါင်းခြောက်လိုင်း City Bus ယာဉ်စီးရေ ၁၄၀ စီးအား ဒဂုံမြို့သစ် (တောင်ပိုင်း)
မြို့နယ်၌ အခြေပြု ပြေးဆွဲရန် ဆောင်ရွက် နိုင်ခဲ့ပါသည်။ နောင်တွင်လည်း ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ်၌ ပြေးဆွဲလိုသော ယာဉ်လိုင်းများ ဖြစ်ပေါ်လာရန် ကြိုးပမ်း ညှိနှိုင်း
ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
၆။ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာန ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ရုံးသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်
တည်ရှိပြီး ကညနရုံးဝင်း အတွင်း စည်ပင်ရုံး၊ အာမခံရုံး၊ ယာဉ်အမှုစစ်ရုံးနှင့် ဖွင့်လှစ်
ထားသော်လည်း အာမခံရုံးမှာ ယာဉ်မောင်း လိုင်စင် အာမခံ အတွက်သာ ပေးသွင်းလက်ခံပြီး ယာဉ်လိုင်စင်
အတွက် အာမခံကြေး ပေးသွင်းမှုအား လက်ခံခြင်း မရှိပါ။ ယာဉ်လိုင်စင် သက်တမ်းတိုးရန် အတွက်
မြန်မာ့ အာမခံ လုပ်ငန်းရှိရာ ရန်ကုန်မြို့၊ လမ်း၃၀ တွင် သွားရောက် ပေးသွင်း ဆောင်ရွက်ရပါသည်။
နေ့ချင်းပြီး ယာဉ်လိုင်စင် သက်တမ်းတိုး ဆောင်ရွက်လိုရာတွင် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့်
လမ်း ၃၀ သို့ အာမခံကြေး သွားရောက် ပေးသွင်းရာမှာ လွန်စွာ အခက်အခဲ ရှိပါသည်။ ကညန တောင်ဒဂုံ
ရုံးဝင်းအတွင်းတွင် ဖွင့်လှစ်ထားသည့် အာမခံ လုပ်ငန်းဌာနတွင် ယာဉ်တစ်နေရာတည်းတွင် ယာဉ်သက်တမ်းတိုးခြင်း
One Stop Service ဖြင့် ဆောင်ရွက်နိုင်မည့် အပြင် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကိုလည်း
တစ်ဖက် တစ်လမ်းမှ လျှော့ချပေးရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ပြီး လုပ်ငန်းများ တစ်နေရာတည်းတွင်
ဆောင်ရွက်နိုင်၍ အချိန်ကုန် သက်သာပြီး လုပ်ငန်း မြန်ဆန်မည် ဖြစ်သဖြင့် အရှေ့ပိုင်းခရိုင်
ကညနရုံး (ဒဂုံ/တောင်)တွင် ယာဉ်အာမခံကြေး ပေးသွင်းမှုအား လက်ခံ ဆောင်ရွက် ပေးနိုင်ပါရန်
မေးမြန်းချက်နှင့် ပတ်သက်၍ ကညနမှ အဓိက ဆောင်ရွက် ပေးနေသည့် ယာဉ်မောင်း လိုင်စင် လုပ်ငန်းနှင့်
ယာဉ်မှတ်ပုံတင် လုပ်ငန်း (၂)ရပ်အနက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်မောင်း လိုင်စင်
အာမခံလုပ်ငန်းကို ကညနရုံးများတွင် မြန်မာ့အာမခံမှ တွဲဖက် ဆောင်ရွက်ပေးလျက် ရှိပါသည်။
မော်တော်ယာဉ် အာမခံ လုပ်ငန်းကိုမူ ဝန်ထမ်း အင်အား အခြေအနေနှင့် လုပ်ငန်း အခြေအနေအရ
တွဲဖက် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါ။ မော်တော်ယာဉ် အာမခံလုပ်ငန်းများ ကညန ရုံးများတွင်
တွဲဖက် ဆောင်ရွက်ခြင်းကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
No comments:
Post a Comment