နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ
ဥက္ကဋ္ဌ ဦးညွန့်တင်နှင့် ကော်မတီဝင်များအား ရုရှားဖယ်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr.
Vasily B.POSPELOV သည် ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီဆောင်အမှတ်
(၂၀) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်၏ ဆောင်ရွက်နေသည့်
ဥပဒေပြုရေးကိစ္စရပ်များ၊ Anti- Corruption Law နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေး
ကော်မတီ၏ ဆောင်ရွက်ချက်များ၊ Treaties & Conventions များနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊
ရုရှားနိုင်ငံ အထက်လွှတ်တော်နှင့် နိုင်ငံခြား ဆက်ဆံရေးကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန်
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။(သတင်းစဉ်)
No comments:
Post a Comment