Tuesday, February 18, 2014

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာကင်တားနား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး



 နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
 မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာကင်တားနားနှင့်အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်လည်းကောင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့်လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာ ဖေသက်ခင်တို့နှင့်လည်းကောင်း၊
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦးနှင့်လည်းကောင်း၊ ဦးစစ်အေးခေါင်းဆောင်သည့် နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်အခြေအနေ၊ ရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိဆောင်ရွက်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
 ထို့ပြင် သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများ၏ အခြေအနေနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေး အတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံရေးအကျဉ်းသား ဆိုင်ရာကိစ္စရပ်များ၊ သိမ်းဆည်းမြေယာများနှင့် ပတ်သက်၍ ဖြေရှင်းပေးနေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေမှု၊ အပစ်အခတ်ရပ်စဲရေး၊ စစ်ဘေး ဒဏ်ကြောင့် ပြောင်းရွှေ့ နေထိုင်နေရသည့် ဒုက္ခသည်များ၏ လူမှုစီးပွားဘ၀ပြန်လည်မြှင့်တင် ထူထောင်ပေးရေး ဆိုင်ရာများ၊ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေအသစ်များရေးဆွဲ၊ ပြင်ဆင်ပြဋ္ဌာန်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment