ရန်ကုန်-ဖေဖော်ဝါရီ(၁၈)
DFM (DONGFENG MOTOR) ကားအရောင်း စင်တာဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက် (၈)နာရီခွဲတွင် အမှတ်(၁၉) ဗဟိုလမ်း စမ်းချောင်းမြို့နယ်၌ကျင်းပရာ ရှေးဦးစွာ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည်
DFM (DONGFENG MOTOR) ကားအရောင်းစင်တာနှင့်
ဆားဗစ်စင်တာအတွင်း ပြသထားသည့် မော်တော်ယာဉ် များအား လှည့်လည်ကြည့်ရှုအားပေး
သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ခန်းမအတွင်း၌ကျင်းပရာ
မော်တော်ယာဉ်များနှင့် ပတ်သက်သော ဗီဒီယိုဖိုင်အား ပြသပြီး Sojitz (Yangon) မှ Assistant
General Manager Mr. Keiichi
Wada က မော်တော်ယာဉ်သစ်များအား မိတ်ဆက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊
Sojitz (Shanghai) Co., Ltd. မှ
President Mr. Masao
Goto ၊ Dongfeng Motor Co., Ltd. မှ General Manager
Mr. Yang Bo နှင့် ရောင်နီဦး ဝန်ဆောင်မှု
ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာဦးအောင်ဝင်းတို့က DFM (DONGFENG
MOTOR) ကားအရောင်းစင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် General Manager Mr. Yang Bo က ကားအရောင်းစင်တာ ဖွင့်လှစ်ရခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Sojitz
(Shanghai) Co., Ltd. မှ
President Mr. Masao
Goto နှင့် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းတို့က ကျေးဇူးတင်စကား ပြောကြားကြကြောင်း
သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment