Wednesday, February 12, 2014

ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ (Delivery Unit)မှ ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ဖာပွန်ခရိုင်အတွင်းရှိ ပြည်သူ့ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော်-ဖေဖော်ဝါရီ(၁၂)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီးပွား ရေးရာကော်မတီ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်နှင့် ဒုတိယဥက္ကဋ္ဌ ရထားပို့ဆောင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း တို့သည် ဖေဖော်ဝါရီ(၉)ရက် မွန်းလွဲ(၁)နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံခရိုင်နှင့် ဖာပွန်ခရိုင် အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီများ၊ ပြည်သူ့ကိုယ်စားလှယ်မြို့မိမြို့ဖ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမြင့်သိန်းနှင့် ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ကရင်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်သူ့ကိုယ်စားလှယ်များမှ မေးခွန်းပေါင်း (၁၆)ခု မေးမြန်းဆွေးနွေးရာ ဆပ်ကော်မတီအနေဖြင့် မေးခွန်း(၁၃)ခုအား ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး မေးခွန်း(၂)ခုအား ဆက်လက်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မေးခွန်း(၁)ခုအား သက်ဆိုင်ရာ ဆပ်ကော်မတီသို့ ညှိနှိုင်း အကြောင်းကြား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment