Wednesday, February 12, 2014

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်-ဖေဖော်ဝါရီ(၁၂)
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang  Houlan သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုမှ နယ်စပ်ဒေသဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြက်ခြေနီအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment