Wednesday, February 12, 2014

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပ

ရန်ကုန်-ဖေဖော်ဝါရီ(၁၂)
ရန်ကုန်တိုင်းဒေသကြီး (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ ခရိုင်/မြို့နယ်များမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၃၀၀)တက်ရောက်ကြ
သည်။
အစီအစဉ်အရ ပြည်သူ့ရင်ပြင်အတွင်း စစ်ရေးပြတပ်ခွဲနှင့် စစ်တီးဝိုင်းအဖွဲ့များ နေရာယူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြု ကြရာ ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှပေးပို့သော ၂၀၁၄ ခုနှစ် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)

No comments:

Post a Comment