Friday, February 14, 2014

တောင်ငူ မြို့မဈေးကြီး မီးလောင် ကျွမ်းမှုဖြစ်ပွား

တောင်ငူ ဖေဖော်ဝါရီ ၁၃
တောင်ငူမြို့၌ ဖေဖော်ဝါရီ ၁၃ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က မြို့မဈေးကြီး၏ မင်္ဂလာ(၂)ရုံမှ စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာည ၇ နာရီခွဲခန့် တွင် မြို့မဈေးကြီး၏ ဈေးရုံများသို့ ကူးစက်လောင် ကျွမ်းခဲ့ပြီး ဈေးကြီး တစ်ခုလုံးနီးပါး လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်ရာသို့ တောင်ငူခရိုင် အတွင်းရှိ အုတ်တွင်း၊ ကျွဲပွဲ၊ ရေတာရှည်၊ ကညွတ်ကွင်း၊ ဆွာ၊ ဖြူး၊ ထန်းတပင်၊ ပဲနွယ်ကုန်း မြို့နယ်မှ မီးသတ် ယာဉ်များနှင့် နေပြည်တော်မှ မီးသတ်ယာဉ်များ အပါအဝင် စုစုပေါင်း ၃၆ စီး၊ ရေသယ်ဘောက် ဆာယာဉ် ၁၂ စီးနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အရာရှိ အဆင့်နှင့် တပ်သား ၆၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ စုပေါင်းဝိုင်းဝန်း ငြှိမ်းသတ် ကြကြောင်း သိရသည်။ 
မြို့မဈေးကြီး ပတ်ပတ်လည်ရှိ ၆ လမ်း၊ သံဖြူလမ်း၊ ဈေးလမ်း ဘက်ခြမ်းရှိ ဈေးအပြင်ဘက် ဆိုင်တန်းများ ကူးစက်လောင် ကျွမ်းခဲ့ပြီး ဈေးအတွင်းပိုင်းရှိ ရတနာ(၁)၊ ရတနာ(၂)၊မင်္ဂလာ(၁) ဈေးရုံတို့ပါ ကူးစက် လောင်ကျွမ်းကာ ဆိုင်ခန်းပေါင်း ၁၁၉၉ ခန်း၊ ဈေးရုံပေါင်း ၁၈ ရုံ မီးလောင် ကျွမ်းခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြား ချက်အရ သိရသည်။

မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေး ချက်အရ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ လောင်ကျွမ်းမှု ဖြစ်နိုင်ကြောင်း ကနဦးသိရပြီး ည ၉ နာရီ ၂၀ မိနစ်တွင် မီးညွန့်ကျိုး၍ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment