Friday, February 14, 2014

မန်းအခြေစိုက် ရတနာပုံလေကြောင်းလိုင်း ယခုလ ၂၇ ရက်တွင် စတင်ပြေးဆွဲမည်

ရန်ကုန် ဖေဖော်ဝါရီ ၁၃
မန္တလေးအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းသစ်မှ ပြည်တွင်း ခရီးစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ပြေးဆွဲပေးသွားရန် စီစဉ်လျက်ရှိပြီး အေအာတီ ၇၂-၆၀၀ လေယာဉ်သစ်များဖြင့် ပြေးဆွဲ ပေးသွား မည်ဖြစ်သည်။ ပြည်တွင်းပုဂ္ဂလိက ကိုးခုမြောက် လေကြောင်း လိုင်းသစ်ဖြစ်သည့် အဆိုပါ မန်းရတနာပုံ လေကြောင်း လိုင်းမှ ခရီးစဉ်များအားလုံးကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဗဟိုပြုကာ မြန်မာနိုင်ငံ အရပ်ရပ်ရှိ လေယာဉ်ကွင်းများသို့ ပြေးဆွဲပျံ သန်းမည်ဖြစ်ကြောင်း အဆိုပါ လေ ကြောင်းလိုင်း၏ အမှုဆောင်အရာ ရှိချုပ် ဦးကျော်မျိုးက ပြောကြားသည်။

လေကြောင်းလိုင်းသစ်တွေကို ပြေးဆွဲပျံသန်းခွင့်ပေးတာ ပြည်သူ တွေ ခရီးသွားလာရေးအတွက် အများကြီး အကျိုးရှိစေမှာဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ အသွားအများဆုံးလေယာဉ်ကွင်း ခုနစ်ကွင်းကို အဓိကပြေးဆွဲပေးသွားမှာဖြစ်ပြီး ယခုနှစ်အတွင်းမှာ အခြားလေယာဉ်ကွင်းတွေကိုလည်း ဆင်းသက်ပျံသန်းပေးဖို့ အစီအစဉ် တွေဆွဲနေပါတယ်။ ပြည်တွင်း ပုဂ္ဂလိကလေကြောင်းလိုင်းတွေ ယခု ထက်ပိုပြီးများပြားလာ လေလေသုံးစွဲ သူတွေအတွက် ပိုပြီးဝန်ဆောင်မှု ပီပြင်လာစေမှာဖြစ်ပါတယ်။ လက်ရှိ မှာတော့ ကျွန်တော်တို့ မန်းရတနာပုံ လေကြောင်းလိုင်းအနေနဲ့ အကျိုး အမြတ်ထက် ဝန်ဆောင်မှုကို ဦးစား  ပေးစဉ်းစားပြီး ခရီးစဉ်တွေရေးဆွဲ နေပါတယ်။ ပြည်တွင်းခရီးစဉ် များအားလုံး ရာနှုန်းပြည့်ပြေးဆွဲနိုင် ရေးကို ယခုနှစ်အတွင်းမှာ ဆောင်ရွက်သွားနိုင်ဖို့ စီစဉ်နေတဲ့အပြင် ပြည်ပခရီးစဉ်တွေကိုလည်း နှစ် အနည်းငယ်အတွင်း တိုးချဲ့ပျံသန်း နိုင်ဖို့လျာထားပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်ပြီး ပြည်တွင်း ခရီးစဉ်တွေကို ပျံသန်းပြေးဆွဲမှာ ပါဟု အဆိုပါ လေကြောင်းလိုင်း မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ လင်းမြတ်ထွန်းက ပြောကြားသည်။ လာမည့် ဖေဖော်ဝါရီ ၂၇ ရက် တွင် မန်းရတနာပုံလေကြောင်း လိုင်းသစ်မှ ရန်ကုန်၊ ညောင်ဦး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနား၊ ဟဲဟိုးမြို့များသို့ မန္တလေးမြို့မှ အခြေ စိုက်ကာ စတင်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment