တောင်ငူ၊
ဖေဖော်ဝါရီ ၁၃
၁၃-၂-၂၀၁၄ရက်၊
ညနေ ၆နာရီအချိန်ခန့်တွင် တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ မြို့မဈေးကြီး အတွင်းမှ မီးစတင်
လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မြို့မဈေးကြီးတွင် ဈေးရုံ (၃)ရုံရှိရာ ဈေးရုံ (၂)ရုံမှာ
မီးလောင်းကျွမ်း သွားခဲ့သည်။ ည ၈း၂၀တွင် မီးညွန့် ကျိုးသွားသော်လည်း ကျန်ဈေးရုံ (၁)ရုံမှာ
မီးအရှိန်ဖြင့် ဆက်လက် လောင်ကျွမ်းနိုင်ကြောင်း သိရသည်။ မီးသတ်ကားများမှာ ဈေးရုံအတွင်း
ဝင်ရောက် ငြိမ်းသတ်၍ မရနိုင်ဘဲ အပြင်မှသာ ပက်ဖြန်းပေး နေရကြောင်း သိရသည်။ ယခုအချိန်အထိ
မီးသတ်ကားများ မီးငြိမ်း သတ်နေဆဲဖြစ်သည်။ ယခုအခါ တောင်ပိုင်း တိုင်းစစ် ဌာနချုပ်မှ
မီးသတ်ကားနှင့် တပ်မတော် သားများ လည်း လာရောက် ကူညီ ဆောင်ရွက် ပေးလျှက်ရှိပါ သည်။ မီးသတ်ကား
အင်အား ၁၀စီးခန့် ရှိကြောင်း သိရသည်။ မီးသတ် တပ်ဖွဲ့ အင်အား ၁၀၀ကျော် ရှိကြောင်း သိရသည်။
ကျွဲပွဲ၊ ရေနီ၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး တို့မှ မီးသတ် ကားများ ထပ်မံရောက်ရှိ လျှက်ရှိသည်။


No comments:
Post a Comment