ရန်ကုန်-ဖေဖော်ဝါရီ(၁၂)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန်
ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့် ဇနီးမစ္စစ်ဒါနီလာရှထ်တို့ ဦးဆောင်သော
ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့
နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့်ဇနီး၊
ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိုးနွယ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ
ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mr. Christian
Ludwig Weber-Lortsch နှင့်ဇနီးနှင့်တာဝန်ရှိသူများက
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment