Wednesday, February 12, 2014

ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံသမ္မတနှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတက်ရောက်

ရန်ကုန်-ဖေဖော်ဝါရီ(၁၁)
ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့် ဇနီး မစ္စစ်ဒါနီလာရှထ် တို့က မြန်မာ နိုင်ငံရောက် ဂျာမနီနိုင်ငံသားများနှင့် ဂျာမနီ စီးပွားရေး လုပ်ငန်းရှင်များအား တည်ခင်း ဧည့်ခံသည့် ညစာစားပွဲကို ယနေ့ည (၇)နာရီတွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်သည်။




အဆိုပါ ညစာစားပွဲသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဇေယျာအောင်နှင့် ဦးအေးမြင့်ကြူ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးနှင့် ဇနီး၊ မြန်မာ-ဂျာမနီနှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု သမ္မတဂျာမနီ နိုင်ငံသမ္မတ ဂျိုဝါချင်ဂေါက်ခ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံသမ္မတနှင့် ဇနီးတို့က ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment