Wednesday, February 12, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် - ဖေဖော်ဝါရီ(၁၁)
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Mr. Jun KINUKAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်(၉) နာရီခွဲ တွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန် ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ ဆုံသည်။




ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့် အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါ်လဲ့လဲ့သိန်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ သတ္တုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရေး၊ သီလဝါ အထူး စီးပွားရေး ဇုန်တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ လူသား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကူအညီပေး အပ်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

No comments:

Post a Comment