Wednesday, February 12, 2014

နေပြည်တော်-ဖေဖော်ဝါရီ(၁၂)
(၆၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ဘုရင့်နောင် တိုးချဲ့ ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၈)ရက်နံနက်(၉)နာရီတွင် အဆိုပါကျောင်းရှေ့၌ ပြုလုပ်
သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ် မတည်အလှူရှင် မုဒုံမြို့ဂျုံးဂျုံးကျ တောရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ကိတ္တိဝဏ္ဏ၊ မြို့နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးတို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ကျောင်းဆောင်းသစ်ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုးချဲ့ကျောင်းဆောင်သစ်ဖြစ်မြောက်ရေး ကော်မတီနာယက က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးမင်းထွန်းတင်က လက်ခံသည်။ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စံပယ်ဆောင် အချောကိုင် ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ဘိလပ်မြေ(၂၅)အိတ်ကို ကျောင်းဆောင်ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးထံ ပေးအပ်လှူဒါန်းပြီး ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးနှင့် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဒေသခံပြည်သူလူထု၏ ဆန္ဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါ တိုးချဲ့ကျောင်းဆောင်သစ်မှာ အလျားပေ(၁၃၀)၊ အနံပေ(၃၀) အာစီနှစ်ထပ်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန မုဒုံမြို့ ဂျုံးဂျုံးကျ တောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်နှင့် စေတနာရှင်များ၏ စုပေါင်း လှူဒါန်းငွေကျပ်သိန်းပေါင်း (၆၇၃)သိန်းကျော်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့သို့ရောက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။                                                    (သတင်းစဉ်)

No comments:

Post a Comment