၁။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာ အဖြစ်အပျက် နှင့် ပတ်သက်၍
ဖြစ်ပေါ်ခဲ့သည့် သတင်းမျာကို စုံစမ်းရန် အလို့ငှာ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့် အရေး
ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃) ဦးပါ ကော်မရှင် အဖွဲ့သည် ၃၀-၁-၂၀၁၄ ရက်နေ့မှ ၃-၂-၂၀၁၄ ရက်နေ့အထိ စစ်တွေ၊ မောင်တော
မြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဒုချီးရားတန်း ကျေးရွာ အုပ်စုသို့ လည်း သွားရောက်ကာ
စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
၂။
အဆိုပါခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည် -
(က)
ဇန်နဝါရီလ (၉) ရက်နေ့တွင် ဘင်္ဂါလီ (၈) ဦးအား ရခိုင် တိုင်းရင်းသား များက သတ်ဖြတ် ခဲ့သည်
ဆိုသောသတင်း
(ခ) ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ရဲတပ်ဖွဲ့ လှည့်ကင်းအား ဒုချီးရားတန်း အလယ်ရွာမှ ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့မှ ပစ်ခတ် သတ်ဖြတ် သဖြင့် ဘင်္ဂါလီ (၄၀) ဦး သေဆုံးသည် ဆိုသော သတင်းနှင့်
(ခ) ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ရဲတပ်ဖွဲ့ လှည့်ကင်းအား ဒုချီးရားတန်း အလယ်ရွာမှ ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့မှ ပစ်ခတ် သတ်ဖြတ် သဖြင့် ဘင်္ဂါလီ (၄၀) ဦး သေဆုံးသည် ဆိုသော သတင်းနှင့်
(ဂ)
အထက်ပါ ပစ်ခတ်မှုများကြောင့် ဒဏ်ရာရလူနာ (၂၂) ဦးအား MSF (Medicines Sans
Frontiers) အဖွဲ့မှ ဆေးကုသ ပေးခဲ့ ရသည် ဆိုသော အင်တာနက် သတင်းတို့နှင့် ပတ်သက်၍ အောက်ပါတို့ကို
ဆောင်ရွက် ခဲ့ပါသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် ၃၀-၁-၂၀၁၄ ရက်နေ့နှင့် ၃-၂-၂၀၁၄ ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ထွက်ဆိုချက်များ ရယူခြင်း၊ ရဲအရာရှိကြီး (၃) ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူများ၊ ကင်းချောင်း အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့၊ မောင်တော ရဲစခန်းတွင်
စစ်ဆေးလျက် ရှိသော အချုပ်သား (၄)ဦးအား စစ်ဆေး မေးမြန်း၍ ထွက်ဆိုချက်များ ရယူခြင်း၊
ဒုချီးရားတန်း ကျေးရွာနှင့် အနီးတဝိုက်ရှိ ဘင်္ဂါလီ ရွာများမှ
အမျိုးသား၊ အမျိုးသမီးများအား မေးမြန်းခြင်း၊ စစ်ဆေး၍ ထွက်ဆိုချက်များ ရယူခြင်း၊
ဒုချီးရားတန်း အလယ်ရွာ မူလတန်းကျောင်းတွင် ဒုချီးရားတန်း ကျေးရွာမှ ကျေးရွာလူကြီးများနှင့် ဘာသာရေး ခေါင်းဆောင် (၂၀) ခန့်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ဘင်္ဂါလီ (၈)ဦးနှင့် (၄၀)ခန့်အား သတ်ဖြတ် ခဲ့သည် ဆိုသော သတင်းကို စိစစ်ခြင်း၊
ဒုချီးရားတန်း ကျေးရွာမှ အမျိုးသမီး (၂၀၀) ကျော်အား တွေ့ဆုံကာ ဒုချီးရားတန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ၄င်းတို့ တိုင်ကြား ချက်များကို လက်ခံရယူခြင်း၊ အချို့ထံမှ ထွက်ချက်များ ရယူခြင်း၊ UNHCR, UNOCHA နှင့် MSF အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ သတင်းများ စိစစ်ခြင်း၊ မောင်တော မြို့နယ်ရှိ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊
မောင်တောမြို့နယ်ရှိ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖိများနှင့် တွေ့ဆုံ ဆွေး နွေးခြင်း၊ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ၂၈-၁-၂၀၁၄
ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း အနောက်ရွာ အပါအဝင် ဒုချီးရားတန်း
ကျေးရွာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း၊ ခရေမြိုင် ကျေးရွာသင်္ချိုင်းသို့ သွားရောက်ကြည့်ရှု
စစ်ဆေးခြင်း၊
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် ၃၀-၁-၂၀၁၄ ရက်နေ့နှင့် ၃-၂-၂၀၁၄ ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ထွက်ဆိုချက်များ ရယူခြင်း၊ ရဲအရာရှိကြီး (၃) ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူများ၊ ကင်းချောင်း အုပ်ချုပ်ရေးမှူးနှင
ဒုချီးရားတန်း အလယ်ရွာ မူလတန်းကျောင်းတွင် ဒုချီးရားတန်း ကျေးရွာမှ ကျေးရွာလူကြီးများနှင့် ဘာသာရေး ခေါင်းဆောင် (၂၀) ခန့်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ဘင်္ဂါလီ (၈)ဦးနှင့် (၄၀)ခန့်အား သတ်ဖြတ် ခဲ့သည် ဆိုသော သတင်းကို စိစစ်ခြင်း၊
ဒုချီးရားတန်း ကျေးရွာမှ အမျိုးသမီး (၂၀၀) ကျော်အား တွေ့ဆုံကာ ဒုချီးရားတန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ၄င်းတို့ တိုင်ကြား ချက်များကို လက်ခံရယူခြင်း၊ အချို့ထံမှ ထွက်ချက်များ ရယူခြင်း၊ UNHCR, UNOCHA နှင့် MSF အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ သတင်းများ စိစစ်ခြင်း၊ မောင်တော မြို့နယ်ရှိ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊
မောင်တောမြို့နယ်ရှိ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖိများနှင့် တွေ့ဆုံ ဆွေး
၃။အထက်ဖော်ပြပါ
ဆောင်ရွက်ချက်များမှ ကော်မရှင်အဖွဲ့၏ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်
-
(က)
ဇန်နဝါရီလ (၉)ရက်နေ့တွင် ဘင်္ဂါလီ (၈)ဦး အသတ်ခံရသည့် သတင်းမှာ ရခိုင်တိုင်းရင်းသားများ
နေထိုင်သည့် ခရေမြိုင်ရွာနှင့် ကင်းချောင်းရွာတို့တွင် မြေပြင်သတင်းများမဖြစ်ပေါ်ခဲ့ကြောင်း
စစ်ဆေးတွေ့ရှိရပါသည်။ သို့ရာတွင် ကောလာဟလ အဖြစ် အရပ်သတင်း ဖြစ်နေသည်ကို တွေ့ရပါသည်။
(ခ)
ဘင်္ဂါလီ(၈)ဦးအား ခရေမြိုင်သင်္ချိုင်းတွင် မြှပ်ထားသည်ကို ထင်းခုတ်သမား တစ်ဦးက တွေ့မြင်ခဲ့သည်ဟူသော
သတင်းသည် ဒုချီးရာတန်း ဘင်္ဂါလီရွာများတွင် ဖြစ်ပေါ်ခဲ့သော်လည်း ဤသတင်းကို အတည်ပြုနိုင်သော
အထောက် အထားများ မတွေ့ရှိရပါ။
(ဂ)
ရခိုင် တိုင်းရင်းသားများ အနေဖြင့်မူ ဤသတင်းအား အင်တာနက် သတင်းအဖြစ်သာ သိရှိကြောင်း
စစ်ဆေး တွေ့ရှိရ ပါသည်။
(ဃ)
ဤသတင်းများကို ဒုချီးရားတန်းရွာမှ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်
လည်းကောင်း၊ ဒုချီးရားတန်းရွာမှ အမျိုးသမီး (၂၀၀)ကျော်နှင့် တွေ့ဆုံရာတွင် လည်းကောင်း
မည်သူကမျှ တင်ပြခြင်း၊ ထွက်ဆိုခြင်းများ မရှိကြောင်း တွေ့ရှိရပါသည်။
(င)
ဘင်္ဂါလီ (၈) ဦးအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည့် သတင်းအမျိုးမျိုးသည် အတည်ပြု၍ မရသည်ကို
တွေ့ရပါသည်။
(စ)
ဇန်နဝါရီလ (၁၃) ရက်နေ့ ဒုချီးရားတန်း (အလယ်ရွာ) ဖြစ်စဉ်ဖြစ်ပွားပြီး ယင်းညတွင်တပ်နှင့်
ရဲတပ်ဖွဲ့တို့မှ ဒုချီးရားတန်းရွာတွင်းသို့ ဝင်ရောက်၍ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား
ရှာဖွေခဲ့ကြောင်း သိရပါသည်။
(ဆ)
ဒုချီးရားတန်း ဘင်္ဂါလီရွာများမှ ဘင်္ဂါလီ (၄၀) အသတ်ခံရသည်ဟူသော သတင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ
တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲအရာရှိကြီးများ၊ ရဲတပ်သားများ၊ သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ဒုချီးရားတန်းရွာမှ ဘင်္ဂါလီရပ်မိရပ်ဖများနှင့် အမျိုးသမီးများထံမှ ကော်မရှင်အဖွဲ့က ထွက်ဆိုချက်များရယူခဲ့ရာတွင်
အဆိုပါသတင်းများ မှန်ကန်ကြောင်း အတည်ပြုချက် မရရှိခဲ့ပါ။
(ဇ)
ဘင်္ဂါလီဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်များနှင့် အမျိုးသမီးများအား ၎င်းတို့၏ အမြင်များကို
ပွင့်လင်းစွာ တင်ပြရန် မိမိတို့ ကော်မရှင်က တိုက်တွန်းခဲ့သော်လည်း ထွက်ဆိုချက်များသည်
အတည်ပြုနိုင်သော သတင်းအချက်အလက် တစ်စုံတစ်ရာ မပါရှိကြောင်း တွေ့ရပါသည်။
(ဈ)
ဘင်္ဂါလီရွာသားများ၏ ထွက်ဆိုချက်များတွင်လည်း ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သည့်
ကင်းလှည့်အဖွဲ့အား ရွာသားများက အကြမ်းဖက်သည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ တစ်စုံတစ်ရာမျှ
ထွက်ဆိုခြင်း မရှိခဲ့သည်ကိုလည်း သတိပြုမိခဲ့ပါသည်။
(ည)
ဘင်္ဂါလီများသတ်ဖြတ်ခံရသည့် သတင်းကို ဖော်ပြရာတွင်လည်း ကွဲလွဲနေသည်ကို တွေ့ရပါသည်။ ဥပမာ
-ဇန်နဝါရီလ(၁၃)ရက်နေ့ ညတွင် ရဲများပစ်ခတ်မှုကြောင့် လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့သည်ဟူသော
သတင်းများရှိခဲ့သကဲ့သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်သို့လည်း
အသတ်ခံရသူ (၅၂)ဦး စာရင်းပေးခဲ့သည် ဟူသော သတင်းမှားများ ဖေါ်ပြထားသည် ကိုလည်း တွေ့ရှိရပါသည်။
သို့သော် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့
အသတ်ခံရသူ (၅၂)ဦးစာရင်းကို အမှန်တကယ် ပေးခဲ့ခြင်း မရှိပါ။
သို့သော် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင
၎။
ကော်မရှင်အဖွဲ့သည် MSF အဖွဲ့ကို တွေ့ဆုံဆွေးနွေးရာတွင် MSF အဖွဲ့က သေနတ်ဒဏ်ရာ ရရှိသူ(၁)ဦး၊
ညိုမဲဒဏ်ရာရရှိသူ(၄) ဦး၊ ပြတ်ရှဒဏ်ရာ(၁၀)ဦးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူ(၇)
ဦး၊ စုစုပေါင်း(၂၂) ဦးအား ကုသပေးခဲ့သည်ဟု ဖြေကြားပါသည်။ သို့ရာတွင် ၎င်းအဖွဲ့အစည်းက
လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းသဘာဝကြောင့် လူနာအမည်စာရင်းသည် အတွင်းရေးကိစ္စ ဖြစ်သဖြင့်
လူနာအမည်စာရင်း ပေးအပ် နိုင်ခြင်းမရှိကြောင်း ဖြေကြားပါသည်။ မေးမြန်းရာတွင်သေနတ်ဒဏ်ရာ
လူနာကိစ္စကိုမူ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနသို့ အသိပေးခဲ့ခြင်း မရှိကြောင်း၊
ယင်းလူနာအား ဆေးရုံသို့ သွားရောက်ရန်သာ တိုက်တွန်းခဲ့ကြောင်း ပြောကြားပါသည်။ သို့သော်
ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ စစ်ဆေးဖော်ထုတ်ချက်အရ
MSFဆေးခန်းတွင် ယင်းကဲ့သို့သော ဒဏ်ရာရရှိသူများအား ကုသပေးရခြင်း မရှိကြောင်း အဆိုပါဆေးခန်းမှ
ဆရာဝန်နှစ်ဦးက ထွက်ဆိုခဲ့သည်ကိုလည်း သိရှိရပါသည်။
၅။
ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များကို ၅-၂-၂၀၁၄ ရက်နေ့တွင် ကျန်ကော်မရှင်အဖွဲ့
ဝင်များနှင့် ဆွေးနွေးပြီး အောက်ပါသုံးသပ်ချက်နှင့် အကြံပြုချက်များ ရရှိခဲ့ကြပါသည်-
-ဘင်္ဂါလီ
(၈) ဦးနှင့် (၄၀) ဦး အသတ်ခံရသည်ဟုစွပ်စွဲသည့်သတင်းကို ခိုင်မာသော မြေပြင်သတင်းမရှိသဖြင့်
အတည်ပြု၍ မရသောသတင်းများဟု သုံးသပ်ပါ
-ဒုချီးရားတန်းဖြစ်စဉ်နှင့်
ပတ်သက်၍ တာဝန်ရှိသူ အစိုးရဌာန အဖွဲ့အစည်းများ အနေဖြင့် အခြေအနေ မှန်ကို သတင်း
ထုတ်ပြန်ရန် နောက်ကျကြောင်း၊ ယင်းနောက်ကျမှုသည် ကောလာဟလနှင့် အခြေအမြစ် မရှိသည့် သတင်းများကို
ဖြစ်စေ ခဲ့သည်ဟု သုံးသပ်ပါသည်။
-ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်းဦးစီးသည့် ရဲတပ်သား (၃) ဦးသည် ဘင်္ဂါလီအုပ်စုက ဝိုင်း၍ တိုက်ခိုက်ရန်လာသည့်အခါ
အမိန့်အတိုင်း ခြောက်လှန်ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ကျည်မထွက်သဖြင့် အကြမ်းဖက်အုပ်စုအား
တားဆီးနိုင်ခြင်း မရှိဘဲ အခြေအနေရှုပ်ထွေးသွားပြီး ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသည် အထြိ ဖစ်သွားသည်ဟု
သုံးသပ်ရပါသည်။ အလားတူ အဖြစ်အပျက်များ နောင်မဖြစ်စေရေး အတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုပြုရန်
အကြံပြု အပ်ပါသည်။
-
၁၃-၁-၂၀၁၄ ရက်နေ့ညတွင် ဒုချီးရားတန်းအရှေ့နှင့် အလယ်ရွာများမှ ရွာသားများသည် ထွက်ပြေး
တိမ်းရှောင် သွားမှုကြောင့် ရှုပ်ထွေးမှုဖြစ်ပွားလာချိန်တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊
ဆန်စပါးနှင့်ကျွဲနွားများ လုယက်ခြင်းခံခဲ့ရသည်ဟု ယူဆ ရပါသည်။ အဆိုပါကျေးရွာနှစ်ရွာတွင်
စားနပ်ရိက္ခာနှင့် အခြား အခြေခံလိုအပ်ချက်များ ရှိနေပါသဖြင့် ထောက်ပံ့ရေး ကို လိုအပ်သကဲ့သို့
ဆောင်ရွက်သင့်ပါသည်။
-
ဒုချီးရားတန်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် ကျေးရွာများအကြား တင်းမာမှုများနှင့် စိုးရိမ်မှုများ
ဆက်လက် ရှိနေသည်ကို ထောက်ရှုလျက် အဆိုပါဒေသများတွင် ပြဿနာများ ထပ်မံမပေါ်ပေါက်စေရန် အထူး
လုံခြုံရေး အစီအမံများကို ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်သင့်ပါသည်။
မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်
No comments:
Post a Comment