ရန်ကုန်-ဖေဖော်ဝါရီ(၁၂)
ရန်ကုန်မြို့ သမ္မတနိဗ္ဗာန်ကုန်နှင့် သင်္ကန်းတိုက် မိသားစုတို့မှ အမျိုးဘာသာ သာသနာနှင့် ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ သမ္မတဂီရိစိန်ပွင့်တောင်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော ဆုတောင်းပြည့်မြတ်စွာဘုရားကြီးအား ဗုဒ္ဓါဘိသေက ဘရားအနေကဇာ တင်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ (၃)ရက်တိုင်တိုင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းနှင့် နာဂသေနရာဇာဂီရိ တောင်တော်ပေါ်၌ နဂါးရုံဘုရား တည်ထားကိုးကွယ်နိုင်ရန် သာသနာ့မြေ ဝတ္တကမြေ လှူဒါန်းခြင်းနှင့် အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ(၇)ရက် နံနက်(၈)နာရီတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် တိန်ပြင်(စံပြ)ကျေးရွာ၌ ကျင်းပ
သည်။
ရှေးဦးစွာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် ပုဏ္ဏားတောင် ဆရာတော်က ဩဝါဒကထာချီးမြှင့်တော်မူပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့က ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများကို လျှောက်ထားတင်ပြကြသည်။ ဆက်လက်ပြီး ပင့်သံဃာတော်အပါး(၃၀)တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တိန်ပြင်ကျောင်း ဆရာတော် ဓမ္မာစရိယဘဒ္ဒန္တ ဣန္ဒြိယထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြသည်။ အခမ်းအနားတွင် ခမောင်းချောင်း၊ ဖက်ကြပ်၊ စစ်ပြား၊ ကုလားဖုံးနှင့် ခုန်ချောင်း၊ သရက်ချို၊ အောင်ဇေသာနှင့် သင်္ဘောဆိပ် ကျေးရွာတို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီများ၊ သာရေးနာရေးအသင်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment