Wednesday, February 12, 2014

ဘီအီးဒီပညာရေးဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနားကျင်းပ

ရန်ကုန်-ဖေဖော်ဝါရီ(၁၂)
ရန်ကုန်ပညာရေးတက္ကသိုလ် ဘီအီးဒီပညာရေးဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနား၊ အလှူငွေပေးအပ်ပွဲနှင့် ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပ
သည်။
အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မင်း၊ ဘီအီးဒီပညာရေး ဖောင်ဒေးရှင်းနာယကအဖွဲ့ဝင် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာထူးထူးအောင်နှင့်  ဘီအီးဒီပညာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်တို့က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားများ ပြောကြားသည်။

ယင်းနောက် ၁၉၇၇ခုနှစ် ဘီအီးဒီကျောင်းသူဟောင်း ဒေါ်မြင့်မြင့်အေးက ဉာဏ်ရည်မြင့်မားပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသော ဘီအီးဒီမျိုးဆက်သစ် ကျောင်းသား ကျောင်းသူတို့အား ဘွဲ့ရသည်အထိ ပညာသင်ဆုချီးမြှင့်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ရန်ကုန်ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာရေး ဖောင်ဒေးရှင်းသို့ငွေကျပ်သိန်း(၁၀၀)ကို လှူဒါန်းပြီး ဆက်လက်၍ ပညာသင်ဆုများကို ချီးမြှင့်သည်။                                                                                                                                                (သတင်းစဉ်)

No comments:

Post a Comment