ရန်ကုန်-ဖေဖော်ဝါရီ(၁၂)
ပြည်ထောင်စုနေ့ ဘိုးလင်းပြိုင်ပွဲနှင့်၂၀၁၅
ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်
လူရွေးချယ်ခြင်းဘိုးလင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်
ရှုခင်းသာ အေးရှားပွိုင့်ဘိုးလင်း ဃနညအမန ၌ ကျင်းပ
သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊
မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အေးရှားပွိုင့် ဘိုးလင်း
Centre ပိုင်ရှင် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်တို့ကပြိုင်ပွဲကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယနေ့ပြိုင်ပွဲတွင် အလွတ်တန်းနှင့်အပျော်တမ်းပြိုင်ပွဲအမျိုးအစား(၂)မျိုး
ထည့်သွင်းထားပြီး မည်သည့် ပြိုင်ပွဲအမျိုးအစားတွင်မဆို one Game တွင်အမှတ် (၃၀၀)ရရှိသော
အသင်းအား ဂါမဏီဇေယျာမော်တော်ကား ရောင်းဝယ်ရေး Centre မှ NISSAN ကားတစ်စီးချီးမြှင့်မည်ဖြစ်သည်။
အမျိုးသားအမျိုးသမီး အလွတ်တန်း ပြိုင်ပွဲတွင် ပထမဆုငွေကျပ်(၅)သိန်း၊ ဒုတိယဆုငွေကျပ်(၃)သိန်း၊
တတိယဆုငွေကျပ်(၂)သိန်း၊ စတုတ္ထဆုငွေကျပ် (၁)သိန်း၊ ပဉ္စမဆုငွေကျပ်(၅)သောင်းနှုန်းနှင့်
အပျော်တမ်းအမျိုးသား အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုငွေကျပ် (၁)သိန်း၊ ဒုတိယဆုငွေကျပ်(၇)သောင်း၊
တတိယဆုငွေကျပ်(၅)သောင်းနှုန်း ချီးမြှင့်သွားမည်ဖြစ်သည်။
အလွတ်တန်းပြိုင်ပွဲမှ အမျိုးသား(၁၂)ဦးနှင့်
အရန်(၁)ဦး၊ အမျိုးသမီး(၁၂)ဦးနှင့် အရန်(၁)ဦးရွေးချယ်၍ နေပြည်တော်(ရွှေ) အားကစား စခန်းတွင်၂၀၁၄
ခုနှစ် မတ်လနောက်ဆုံးထား၍ စခန်းသွင်းလေ့ကျင့်ပြီး ၂၀၁၅ ခုနှစ် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ကာ အရန်အားကစား
စခန်းအဖြစ် အပျော်တမ်း ပြိုင်ပွဲမှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၈)ဦး ရွေးချယ်၍ ရန်ကုန်မြို့တွင်
လေ့ကျင့်သွားမည် ဖြစ်သည်။ (သတင်းစဉ်)
No comments:
Post a Comment