Wednesday, February 19, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ် H.E. General Iqbal Kaim Byuiyan, psc ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသ၌ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထားဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံသို့ ဦးတည်လာသည့် ဖောက်ခွဲဖျက်ဆီးရေးသမား သုံးဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့မှု၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အလေးထားမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Maj-Gen (Retd.) Anup Kumar Chakma နှင့် စစ်သံမှူး Brig-Gen, Md Mahbubul Haque, ndc, afwc, psc တို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment