Wednesday, February 19, 2014

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များ ဆွေးနွေး




နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဂျာမနီနိုင်ငံ ကွန်ရာ့တ်အာဒမ်နိုရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဥရောပပါလီမန် အဖွဲ့ဝင်နှင့် ဥက္ကဋ္ဌဟောင်း  Dr.Hans-Gert Pottering ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ
သည်။
ယင်းသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် တိုးတက်ပြောင်းလဲလျက်ရှိသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများအပေါ် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment