နေပြည်တော် - ဖေဖော်ဝါရီ(၁၁)
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စင်ကာပူ သမ္မတနိုင်ငံ
ရှေ့နေချုပ် Mr. Steven Chong, SC ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၁)နာရီတွင်
နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် စင်ကာပူ ရှေ့နေချုပ် ရုံးတို့ အကြားဆက်ဆံရေး မြှင့်တင် ဆောင်ရွက် နေမှု၊ ဥပဒေ ဝန်ထမ်းများအား
အရည်အသွေး မြင့်မားရေး အတွက် စင်ကာပူနိုင်ငံမှ သင်တန်းများ ပို့ချပေးနေမှု၊ တရားဥပဒေ
စိုးမိုးရေးနှင့် ပတ်သက် ၍ စင်ကာပူနိုင်ငံမှ အတွေ့အကြုံများ မျှဝေ ပေးရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment