နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး
H.E. Mr.
Kim Sok Cholအား ယနေ့နံနက် (၁၀)နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ
ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးနှင့် နှစ်နိုင်ငံ တိုးတက် ပြောင်းလဲမှုများနှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး
ဦးသန့်ကျော်လည်း တက်ရောက်သည်။ (သတင်းစဉ်)
No comments:
Post a Comment