Monday, February 3, 2014

ဒေသထွက်ကုန်များကို အဆင်ပြေစွာပို့ဆောင်နိုင်ရေး ရေနုတ်မြောင်းဖြတ်များ တည်ဆောက်


ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ဒိုက်ဦးမြို့နယ် ပုကိုင်ကျေးရွာထိပ်တွင် ဆည်မြောင်းဦးစီးဌာန လမ်းတံတားတည်ဆောက်ရေးအမှတ် (၆)မှ ရေနုတ်မြောင်းဖြတ် သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်နေမှုကို ဇန်နဝါရီ ၃၁ ရက်က တံတားတည် ဆောက်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးအား ကျေးလက်တံတားများ တည်ဆောက်မှုနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာတွင် “လမ်း၊ တံတားတည်ဆောက်ရေးအမှတ် (၆) အဖွဲ့က တာဝန်ယူတည်ဆောက်တာပါ။
ဒီတံတား တစ်စင်းတည်းမကပါဘူး။ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်စီမံကိန်း နှစ်မှာ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ် အတွင်းမှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အခုလို သံကူကွန်ကရစ်တံတားတွေ တည်ဆောက်နေရတာပါ။ ရေနုတ် မြောင်းဖြတ်ကုန်ထုတ်တံတားလို့ ခေါ် ပါတယ်။

ဒီဒေသက ဆန်စပါးနဲ့ ပဲမျိုးစုံ၊ သီးနှံတွေအပြင် အခြား ဖရဲ၊ ပြောင်း စတဲ့ သီးနှံတွေလည်း ထွက်တယ်။ သား၊ ငါး၊ ပုစွန်ကလည်း အလွန် ထွက်တဲ့ ကျေးလက်ဒေသတွေ ဖြစ် တယ်။ ဒီတော့ တစ်ရွာနဲ့ တစ်ရွာပဲ ဖြစ်ဖြစ်၊ မြို့ပေါ်ပဲဖြစ်ဖြစ် ကုန်စည်ပို့တဲ့ အခါ အဆင်ပြေချောမွေ့ဖို့ အခုလို ရေနုတ်မြောင်းကြီးတွေကို ဖြတ်ပြီး တည်ဆောက်တာဖြစ်လို့ ရေနုတ် မြောင်းဖြတ်တံတားလို့ ခေါ်တာပါ”  ဟု ရှင်းပြသည်။ ဆည်မြောင်း ဦးစီးဌာနလမ်း၊ တံတားတည်ဆောက်ရေးအဖွဲ့ (၆) အနေဖြင့် ဒိုက်ဦးမြို့နယ် ခမွန်မြစ်ကျိုး ရေနုတ်မြောင်း ဖြတ်တံတား နှစ်စင်း၊ ပုကိုင်ရေနုတ်မြောင်းဖြတ်တံတား တစ်စင်း၊ ကောလိယချောင်းဖြတ် တံတားတစ်စင်း၊ ကျိုက်ထော်ပလိုင်း ရေနုတ်မြောင်းဖြတ် တံတားတစ်စင်း စုစုပေါင်း သံကူကွန်ကရစ် တံတား ငါးစင်းကို ၂၀၁၄ ခုနှစ် မတ်လကုန် တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment