နေပြည်တော်
ဖေဖော်ဝါရီ ၂
ယနေ့နံနက်
၉ နာရီခွဲအချိန်အထိ မိုးလေ၀သ တိုင်းထွာချက်အကျဉ်းချုပ် လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်
သာယာခဲ့သည်။
ညအပူချိန်များမှာ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်
လျော့နည်းခဲ့ပြီး ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ
ရှိခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး
ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။ မြန်မာ့ ပင်လယ်ပြင်အခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။်။ တစ်ပြည်လုံးတွင် အများအားဖြင့်သာယာမည်။
No comments:
Post a Comment