Thursday, February 20, 2014

သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေး ဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Houlan ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။



တွေ့ဆုံရာတွင် ဒုတိယ သမ္မတနှင့် အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ စန်းလွင်၊ ဦးမြင့်သိန်းနှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ နိုင်ငံအတွင်း သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးစီးပွားရေး ဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလား အလာများ၊ တရုတ် - မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း စီမံချက် လက်တွေ့ အကောင် အထည် ဖော်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment