Tuesday, February 18, 2014

စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၃ နာရီအချိန် အမှတ်(၂၄)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အေးရှားဝေါလ် တိုးဂိတ်အနီး မူဆယ်မှ မန္တလေးသို့ မင်းဇော်မောင်းနှင်လာသော ဏသတနမ ၅ ခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့သည်။ ထိုသို့ ရှာဖွေစစ်ဆေးရာ မိုးညှင်းမြို့နယ်၊ ဟိုပင်ရွာ၊ ဝက်ကုန်းရပ်ကွက် နေသူများဖြစ်သည့် ဟွေလင့်(၃၉)နှစ်နှင့် အေးယိမ်း(၃၉)နှစ်တို့ သယ်ဆောင်လာသည့် ဆာလာအိတ် အတွင်းမှ ၈၈ နှင့် ၁ စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၂၄၀၀၀)ပြား၊ တန်ဘိုးငွေ ကျပ်(၄၈၀)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် ဟွေလင့်နှင့် အေးယိမ်းတို့(၂)ဦးအား နောင်ချိုမြို့မ ရဲစခန်းမယ(ပ)၁၇/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။           

No comments:

Post a Comment