Monday, February 17, 2014

(၁၂)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေး များကျင်းပရေး ဆိုင်ရာ ပထမအကြိမ် အကြိုညှိနှိုင်း အစည်း အဝေး ကျင်းပ





နေပြည်တော် - ဖေဖော်ဝါရီ(၁၇)
(၁၂)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရေး ဆိုင်ရာ ပထမအကြိမ် အကြိုညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။
အခမ်း အနားတွင် အစည်းအဝေးများ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ယခုအစည်းအဝေး လက်ခံကျင်းပမည့် အချိန် ကာလမှာ မြန်မာ နိုင်ငံ၏ သတင်း လွတ်လပ်ခွင့် ပုံရိပ်သည် အာဆီယံ နိုင်ငံများအတွင်း အလယ် အလတ်နှင့် အထက် အဆင့်ကို ရောက်ရှိ နေသည့် အချိန်ဖြစ်သည့် အတွက် ယခုကဲ့သို့ အချိန်မျိုးတွင် ASEAN Ministers Responsible for Information (AMRI) အစည်းအဝေးကို လက်ခံကျင်းပ ဆောင်ရွက်ခွင့် ရသည့် အတွက် ဂုဏ်ယူစရာ ကောင်း ပါကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်နေသည့် နိုင်ငံ တစ်နိုင်ငံတွင် သတင်း လွတ်လပ်ခွင့် အဆင့် အတန်းသည် ယင်းနိုင်ငံ၏ အရေးကြီးသော ပုံရိပ်တစ်ခု ဖြစ်ပါကြောင်း၊ ထိုသတင်း လွတ်လပ် ခွင့်အ ဆင့်ကို နိုင်ငံတကာစံနှုန်းနှင့် အညီ ယခုထက် တိုးတက် လာအောင် ကြိုးပမ်း ဆောင်ရွက်ရန် နိုင်ငံသား အားလုံးတွင် တာဝန် ရှိပါကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့်လည်း အလေးထား ကြိုးပမ်း အားထုတ် သွားမည်ဖြစ် ပါကြောင်း၊ သတင်း လွတ်လပ်ခွင့် အဆင့် တိုးတက်မှု နှင့်အတူ မိမိတို့နိုင်ငံ၏ အနာဂတ်မီဒီယာပုံစံသည် AMRI ထုတ်ပြန် ကြေညာချက် (ဂျကာတာ)နှင့် အညီ လူမှုတာဝန် သိသော မီဒီယာ ဖြစ်လာလိမ့်မည် ဟုလည်း မျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အစည်း အဝေးများ ကျင်းပရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေက အစည်း အဝေးများ ကျင်းပရေး ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့သည်/
ယင်းနောက် ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် ဦးဇင်ယော် တို့က ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
၁၉၇၈ ခုနှစ်တွင် အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ဆိုင်ရာ ကော်မတီ (ASEAN Committee for Culture and Information) (ASEANCOCI) ကို ဖွဲ့စည်းခဲ့ပြီး ဃဥဃှု အောက်တွင် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး (AMRI) နှင့် အာဆီယံ ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး (AMCA) ဟူ၍ ပါဝင်သည်။ AMRI သည် အာဆီယံ ဒေသတွင်း သတင်း ပြန်ကြားရေး ဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် အဖွဲ့ဝင်နိုင်ငံ များအကြား အပြန် အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးပွား ခိုင်မာလာစေရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်သည်။

No comments:

Post a Comment