ကလေး
ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင်
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနမှ ကလေးခရိုင် အတွင်း ဖမ်းဆီးရမိသော
ပုံစံ(၈)ဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်၊ ခွဲသားများ၊ ချေသားရေနှင့် အခြား သစ်တောထွက်
ပစ္စည်းများကို ခရိုင်သစ်တော ဦးစီးဌာန ရုံးတွင် ဖေဖော်ဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင်
မျက်မြင် အခြေအနေ အတိုင်း ဈေးပြိုင်စနစ် ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရောင်းချသွားမည့် ပစ္စည်းများ အနေဖြင့်
ပုံစံ(၈)ဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်၊ ခွဲသားတန် ၂၃၉ ဒသမ ၀၁၃၆တန်၊ ချေသား ရေ ၇၂ ချပ်၊
လှည်းဘီး (ထော်လာဘီး)နှစ်ခု၊ ဘတ်ကြိုးတစ်ချောင်း၊ ရိုလာနှစ်ခု၊ ပူလီဘီးနှစ်ခု၊ ရှပ်တန်းနှစ်ခုတို့ကို
လေလံတင် လျှောက်လွှာ ပုံစံနှင့်အတူ စည်းကမ်းချက်များကို တစ်စုံလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့်
ခရိုင်သစ်တော ဦးစီး ဌာနတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
No comments:
Post a Comment