Monday, February 17, 2014

သက်ပြည့်ပင်စင် ခံစားနေသည့် အငြိမ်းစား ဝန်ထမ်းများ အားလုံးအတွက် ဖုန်းကတ်များ ရောင်းချပေးလျက်ရှိ


နေပြည်တော် ဖေဖေါ်ဝါရီ ၁၆
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များအား သက်ပြည့်ပင်စင် ခံစားနေသည့် အငြိမ်းစား ဝန်ထမ်းများ အတွက်၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစ၍ သီးသန့်ထည့်သွင်း၍ ရောင်းချပေးခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၁ နာရီက ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ အထောက်အကူပြု ကော်မတီဝင် များက အငြိမ်းစားဝန်ထမ်းများကို ဖုန်းကတ်များ စနစ်တကျ ခွဲဝေရောင်းချပေးခဲ့ကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ သက်ပြည့်ပင်စင်စား (အငြိမ်းစား ဝန်ထမ်းများ) အတွက် တန်ဖိုးနည်း ဖုန်းကတ် ၆၂၉၉ ကတ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ဖုန်းကတ်ရရှိသူ နေပြည်တော် ခရေအိမ်ရာ တိုက်အမှတ်(၁၅၂) နေ သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ (အငြိမ်းစား) ဒေါ်အေးအေးသွင်က “အန်တီတို့ ဒီနေ့ဖုန်းကတ်ရတယ်။ ဝယ်ရတာ အခက်အခဲမရှိပါဘူး။ လူများလို့ နည်းနည်းစောင့်နေ ရတာ ပဲရှိပါတယ်။ စမတ်ကတ်ရယ်၊ ပင်စင်စာအုပ်ရယ်ပါပြီး လူကိုယ်တိုင်လည်း လာတော့ ဝယ်ရတာလွယ်ပါတယ်။
ပုံစံ ၆၆/၆ က လိုတော့ လိုတယ်။ လောလောဆယ်တော့ စမတ်ကတ်ရယ်၊ ပင်စင်စာအုပ်ရယ် ပါတယ်ဆိုရင်ပဲ တာဝန်ရှိသူ တွေက စိစစ်ပြီး ဖုန်းကတ် ထုတ်ပေးပါတယ်။ အခု လူများလို့ စောင့်နေရတဲ့ သူတွေကို မြို့နယ်ရုံး ရောက်အောင် လာစရာ မလိုဘဲ ရပ်ကွက်တွေ အလိုက် ပင်စင်စား ဝန်ထမ်းတွေ အတွက် ရပ်ကွက်မှာပဲ ထုတ်လို့ရအောင် ဆောင်ရွက်ပေးမယ်လို့ သိရတဲ့ အတွက် ပိုပြီးအဆင်ပြေပါတယ်”ဟုပြောပြသည်။

No comments:

Post a Comment