နေပြည်တော် ဇန်နဝါရီ ၃
မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော ရုပ်မြင်သံကြား အစီအစဉ်များကို Analogue စနစ်မှ Digital
စနစ် (DVB-T2) သို့ ပြောင်းလဲ ထုတ်လွှင့်ရန် ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့် အဖြစ် မြစ်ကြီးနား၊
လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ ကနေဒီ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊
ထားဝယ်၊ မြိတ်၊ ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပား၊ မိတ္ထီလာ၊ ကျောင်းကုန်း၊
ပုသိမ်၊ ဟင်္သာတ၊ မုံရွာတို့တွင် စက်ပစ္စည်း တပ်ဆင်မှုများ စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။
တောင်ငူရုပ်မြင်
သံကြားထပ်ဆင့် လွှင့်စက်ရုံတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၂၂ ရက်အတွင်း Digital
Antenna တပ်ဆင်မှုများ ဆောင်ရွက် မည်ဖြစ်ပါသဖြင့် လက်ရှိထုတ် လွှင့်နေသော MRTV အစီအစဉ်
Analogue 10 KW ထုတ်လွှင့်မှုကို ခေတ္တရပ်နား၍ Analogue 500 W ရှိသော လွှင့်စက်ဖြင့် ယာယီထုတ် လွှင့်ပေးသွား
မည်ဖြစ်သည်။ ယင်းသို့ 500 W ဖြင့် ထုတ်လွှင့်မှုကို တောင်ငူ ရုပ်သံစက်ရုံမှ ၁၅ မိုင်အတွင်း
ရှိသော တောင်ငူ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အုတ်တွင်း၊ ထန်းတပင်မြို့နှင့် ကျေးရွာအချို့တို့သာ
ဖမ်းယူရရှိ နိုင်မည် ဖြစ်ပြီး 10 KW ဖြင့် ထုတ်လွှင့်စဉ်က ရရှိနေသော ၁၅ မိုင်ကျော် နေရာများမှ
ဖမ်းယူရရှိနိုင် မည်မဟုတ် ကြောင်းနှင့် 10 KW ဖြင့် ပြန်လည်ထုတ်လွှင့်မည့် ရက်ကို ဆက်လက်ကြေညာသွားမည်
ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment