နေပြည်တော်
ဇန်နဝါရီ ၃
၂၀၁၄
ခုနှစ် ဇန်နဝါရီ ၄ ရက်၌ ကျရောက်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ (၆၆)နှစ်မြောက်
လွတ်လပ်ရေး နေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံတော်အကြီးအကဲများက ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ
အသီးသီး ပေးပို့ကြသည်။
မလေးရှားနိုင်ငံ
ပြည်ထောင်စု
သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံသို့ မလေးရှားနိုင်ငံဘုရင် အဗ္ဗဒူဟာလင်မ်မူ
အက်ဒ်ဇမ်ရှားက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ
သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌
အဆွေတော်နှင့် အဆွေတော်၏ ဇနီးကျန်းမာရွှင်လန်း စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊
မလေးရှားနှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန် အပြုသဘော ဆောင်ပြီး ချစ်ကြည်ရင်း နှီးကြသည့်နိုင်ငံများ
ဖြစ်ပါကြောင်း၊ လာမည့်နှစ်များ အတွင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်
ပြုလုပ်သွားမည် ဖြစ်ပါကြောင်းစသည်ဖြင့် ဖော်ပြသည်။
ထို့အတူ
မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက် နာဂျစ်တွန်းရာ ဇတ်ကလည်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။ ယင်းသဝဏ်လွှာတွင် အဆွေတော်သမ္မတကြီး၏
အပြုသဘော ဆောင် ပြုပြင်ပြောင်းလဲမှုများ အပေါ် မလေးရှားနိုင်ငံက ထောက်ခံပါကြောင်း၊ မလေးရှားနိုင်ငံက
နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အစီ အစဉ်(အမ်တီစီပီ)ကို ဦးစားပေး ကဏ္ဍအဖြစ် ဆက်လက် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
အိန္ဒိယသမ္မတနိုင်ငံ
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၏ (၆၆)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်ထံသို့ အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီးက ဂုဏ်ယူဝမ်းမြောက်
ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ယင်းသဝဏ်လွှာ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော် နှင့် မြန်မာပြည် သူပြည်သားများ ကျန်းမာရွှင်လန်းစေရန်
အိန္ဒိယအစိုးရနှင့် ပြည်သူများကိုယ်စား ဆုမွန်ကောင်း တောင်းပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည်
ယဉ်ကျေးမှု၊ ဘာသာရေး၊ ဘာသာ စကားနှင့် လူမျိုးစုတို့မှာ အခြေခံအားဖြင့် ဆက်စပ်နေကြသည့်
အလျောက်ချစ်ကြည် ရင်းနှီးကြသည့် နိုင်ငံများဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့်
နှစ်နိုင်ငံ အကျိုးရှေးရှုလျက် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပါ
ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
အလားတူ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းက
ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။ အဆိုပါ သဝဏ်လွှာတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည်
အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် အလျောက် သမိုင်းချီရှည်လျားစွာ ချစ်ကြည်ရင်းနှီးကြသည့်
နိုင်ငံများ ဖြစ်ပါကြောင်း၊ အပြန်အလှန် အပြု သဘောဆောင်သည့် နိုင်ငံများ ဖြစ်ပါကြောင်း၊
လွန်ခဲ့သော နှစ်နှစ်အတွင်း နှစ်နိုင်ငံကြိုးပမ်းအားထုတ်မှု ကြောင့် ဆက်ဆံရေး အရှိန်အဟုန်မြင့်မား
တိုးတက်စေခဲ့ပါကြောင်း၊ လုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးတို့ အပါအဝင် ကဏ္ဍစုံ ဆက်ဆံရေးတိုးတက်ရန်
ဆက်လက်အားထုတ် သွားမည်ဖြစ် ပါကြောင်း စသည်ဖြင့်ဖော်ပြသည်။
ဩစတြေးလျဓနသဟာယနိုင်ငံ
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံသို့ ဩစတြေးလျဓန သဟာယနိုင်ငံ
ဘုရင်ခံချုပ် မစ္စ ကွင်တင်း ဘရိုက်စ် ပေးပို့သော သဝဏ်လွှာတွင် “၂၀၁၄ ခုနှစ် ဇန်နဝါရီ
၎ ရက်တွင် ကျရောက်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့
အခါသမယ တွင် အဆွေတော် သမ္မတကြီးနှင့် မြန်မာ ပြည်သူ ပြည်သားများ ရွှင်လန်းချမ်းမြေ့စေရန်
ဆုမွန်ကောင်း တောင်းပါ ကြောင်း၊ ၂၀၁၃ ခုနှစ် မတ်လက အဆွေတော် ဩစတြေးလျနိုင်ငံသို့ လာရောက်လည်ပတ်မှုနှင့်
၂၀၁၃ ခုနှစ် မိမိတို့မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မှုတို့ကြောင့် ပူးပေါင်းဆောင်ရွက်မှု
များပြုလုပ်ရန် အခွင့်အလမ်းများ ဖြစ်ထွန်း စေခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း နှစ်နိုင်ငံ
ဆက်ဆံရေး တိုးတက်ခိုင်မာ စေရန် မြန်မာနှင့် ဩစတြေးလျ နှစ်နိုင်ငံစလုံးက အရေးကြီးသော
အခွင့်အလမ်း တစ်ရပ်ကို ပံ့ပိုးပေး မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက အာဆီယံနှင့် အရှေ့အာရှထိပ်သီး
အစည်းအဝေး အိမ်ရှင်အဖြစ် ကျင်းပ မည်ဖြစ်သကဲ့သို့ ဩစတြေးလျ နိုင်ငံကလည်း ဂျီ-၂၀ ထိပ်သီးအစည်း
အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်သည် ဩစတြေးလျ နိုင်ငံနှင့်
အာဆီယံတို့ ဆွေးနွေးဖက် ထူထောင်သည့် နှစ် ၄၀ ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲရေး အတွက် ဩစတြေးလျနိုင်ငံက
ဆက်လက်ထောက်ခံ အားပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊
ပညာရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှုများအတွက် ဆက်လက် ကူညီပံ့ပိုး ပေးသွားမည်
ဖြစ်ပါကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
ဆက်လက်ဖော်ပြပါမည်
No comments:
Post a Comment