နေပြည်တော် ဇန်နဝါရီ ၃
(၆၆)နှစ်မြောက်
လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ
စိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသော
အားဖြင့် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က)အရ နိုင်ငံတော်သမ္မတက ဇန်နဝါရီ ၃ ရက်မတိုင်မီ ကျူးလွန်ခဲ့သော
ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းသို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို
ပြောင်းလဲကျခံစေခြင်း၊ လျှော့ပေါ့ ကျခံ စေခြင်းတို့ ပြုလုပ်ပေးပြီး ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုခဲ့သည်။
မန္တလေးဗဟိုအကျဉ်းထောင်မှ
ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီမှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ နိုင်ငံခြားသား အကျဉ်းသား
အကျဉ်းသူများအပါအဝင် အကျဉ်းသား အကျဉ်းသူ ၈၈၃ ဦးအား လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ အကျဉ်းဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး ထောင်အုပ်စုညွှန်ကြားရေးမှူး က အကျဉ်းထောင်ဓမ္မာရုံတွင် အမှာစကားပြောကြားပြီး
ထောင်မှူးကြီးနှင့် တာဝန်ရှိ သူများက လွတ်ငြိမ်းခွင့်ရသူများအား ထောက်ပံ့ငွေများ ပေးအပ်ကာ
ဘူတာရုံ၊ ယာဉ်ရပ်နားစခန်းများသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးကြောင်း သိရ သည်။
အလားတူ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၁၄ အရ မိတ္ထီလာအကျဉ်းထောင်မှ
ထိုက်သင့်သော ပြစ်ဒဏ်ကျခံပြီးသူ အကျဉ်းသား အကျဉ်းသူ ၁၁၆ ဦးအား ဇန်နဝါရီ ၃ ရက် နံနက်
၁၁ နာရီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သီဟကိုကို(မန္တလေး)က သတင်းပေးပို့သည်။
အလားတူ
ယနေ့ နံနက် ၉ နာရီမှစတင်၍ အကျဉ်းသား ၁၇၃ ဦး၊ အကျဉ်းသူ ၂၇ ဦးတို့အား သရက်အကျဉ်းထောင်မှ
ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြု လွှတ်ပေး လိုက်ကြောင်း သိရသည်။
ထို့အပြင်
ပုသိမ်အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ ကျား ၂၀၈ ဦး၊ မ ၄၆ ဦး စုစုပေါင်း ၂၅၄
ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁၀၀၀ စီပေးအပ်ပြီး တာဝန် ရှိသူများက ဆုံးမစကားများ
ပြော ကြားပြီး သွားရေးလာရေးအခက် အခဲရှိသူများအား ဝိုင်းဝန်းပံ့ပိုးကူညီ ပေးကြသည်။
“ကျွန်တော်ဝမ်းသာလွန်းလို့
ခံစား ချက်များစွာရှိပေမယ့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အထူး လေးစားကြည်ညိုမိပါတယ်၊
တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ မီဒီယာတွေကလည်း နိုင်ငံ တော် အကျိုးပြုပေးကြပါ။
ကျွန်တော်လည်း လက်လှမ်းမီသမျှ စွမ်းအား အပြည့်နဲ့ နိုင်ငံတော်ကောင်းကျိုးကို ဆောင်ရွက်ပေးမှာပါ”
ဟု မောင်ဝိတ် ရန်ကုန်လမ်းမတော်တွင် နေထိုင်သူက ပျော်ရွှင်ရယ်မောစွာဖြင့် သတင်းမီဒီယာများအား
ဖြေကြားသွားသည်။
ယနေ့တွင်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လွတ်ငြိမ်းသက်သာခွင့် ရရှိသူများတွင် ဧရာဝတီတိုင်းဒေသ
ကြီးမှ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ ကစတဲစိုက်ပျိုးရေး စခန်း၊ ဆားမလောက်စိုက်ပျိုးရေး
စခန်းများအပါအဝင် ကျား ၇၂၁၊ မ ၁၁၉ ဦး စုစုပေါင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ လွတ်ငြိမ်း
သက်သာခွင့်ရရှိကြသူ ၈၄၀ ဖြစ်ကြောင်း သိရသည်။
ထို့အတူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်း သား အကျဉ်းသူ စုစုပေါင်း
၂၄၆ ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။ ကျိုင်းတုံအကျဉ်းဦးစီးဌာန အကျဉ်း ထောင်မှ
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိကြ သူများအား သက်ဆိုင်ရာ တာဝန်ရှိ သူများက စနစ်တကျ စီမံဆောင်ရွက်ကာ
အခမ်းအနားဖြင့် လွတ်ငြိမ်းခွင့်ပြု ပေးခဲ့ကြောင်း သတင်းထောက်အမှတ် (၅၁၃)မှ သတင်းပေးပို့သည်။
အလားတူ ကော့သောင်းအကျဉ်း ထောင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးမည့် အကျဉ်းသားများအား တာဝန်
ရှိသူများက တွေ့ဆုံ၍ အမှာစကား အသီးသီးပြောကြားကြကာ ထောင်ထွက်လက်မှတ်နှင့် ချီးမြှင့်ငွေကျပ်
၁၀၀၀ စီကို ပေးအပ်ကြပြီး မွန်းတည့် ၁၂ နာရီတွင် အကျဉ်းသား ကျား ၈၈ ဦးနှင့် မ ၁၉ ဦးအား
စတင်လွှတ်ပေး ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
အကျဉ်းထောင်များ ဖြစ်သည့် ထားဝယ်အကျဉ်းထောင်မှ ကျား ၇၂ ဦး၊ မ ကိုးဦး၊ မြိတ်အကျဉ်းထောင်မှ
ကျား ၈၆ ဦး၊ မ ၂၁ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ကျား ၈၈ ဦး၊ မ ၁၉ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းမှ
ကျား ၉၈ ဦးအား ပြစ်ဒဏ်၏ လေးပုံ တစ်ပုံလျှော့ရက်နှင့် အကျုံးဝင်သည့် အကျဉ်းသားများအားလုံး
လွှတ်ပေးခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီတစ်ခုလုံး အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့်
အကျဉ်းသား စုစုပေါင်း ၃၉၃ ဦး ဖြစ်ရာ နိုင်ငံရေးအကျဉ်းသားများ ကော့သောင်းအကျဉ်းထောင်တွင်
မရှိကြောင်း ကျော်စိုး(ကော့သောင်း)မှ သတင်းပေးပို့သည်။
အလားတူ
သီပေါအကျဉ်းထောင်မှ ပြစ်ဒဏ်အသီးသီးဖြင့် ပြစ်ဒဏ်ကျခံ နေရသည့် အကျဉ်းသား ၇၇ ဦးအား လွတ်ငြိမ်းသက်သာခွင့်အခမ်းအနားကို
ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီက သီပေါအကျဉ်းထောင် ဧည့်ခန်းမ၌ ကျင်းပပြီး တာဝန်ရှိသူတို့က
ဆုံးမဩဝါဒစကားများ အသီးသီး ပြောကြားကာ လွတ်ငြိမ်းသက်သာ ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
အလားတူ
သထုံအကျဉ်းထောင်မှ အကျဉ်းသား ၅၆ ဦး ပြန်လည်လွတ် မြောက်ခွင့်ရရှိကြောင်း သိရသည်။ အဆိုပါ
လွတ်မြောက်ခွင့်ရရှိသူများ အား ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီခွဲက သထုံအကျဉ်းထောင် ရိပ်သာတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်လွင်နှင့်
သထုံထောင်မှူး ဦးစီးအရာရှိ ဦးတင်ချိုတို့က ဆုံးမဩဝါဒစကားများ ပြောကြားကာ သထုံထောင်မှူးက
လွတ်ငြိမ်းခွင့်ပြု လက်မှတ်နှင့် ထောက်ပံ့ငွေ ၁၀၀၀ ကျပ်စီ၊ အလုပ်စခန်းများမှ အကျဉ်းသားများအား
အလုပ်ဆင်းရက် အလိုက် ခံစားခွင့်ရရှိသည့် ချီးမြှင့်ငွေတို့ကို တစ်ဦးချင်း ပေးအပ်ခဲ့ပြီး
လွတ်ငြိမ်းခွင့်ပြုလိုက်ရာ လွတ်မြောက် သူများအား မိသားစုဝင်များက ဝမ်းမြောက်ပျော်ရွှင်စွာ
လာရောက်ကြိုဆို ကြကြောင်း သိရသည်။
အလားတူ
မော်လမြိုင်အကျဉ်း ထောင်မှ ကျား ၁၆၅ ဦး မ ၃၄ ဦး စုစုပေါင်း ၁၉၉ ဦး လွတ်ငြိမ်းသက်သာ
ခွင့်ရရှိရာ လွတ်မြောက်လာသူများ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment