Friday, January 3, 2014

ချင်းပြည်နယ်၌ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး (ဌာနစိပ်)ရုံးဖွင့်လှစ်




မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး (ဌာနစိပ်)ရုံးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ် ရပ်ကွက်၊ တပ်ကုန်း လမ်းတွင် ဇန်န၀ါရီ ၂ ရက် နံနက် ၈ နာရီခွဲတွင် စတင် ဖွင့်လှစ်သည်။

ချင်းပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများ လမ်းစရိတ်၊ တည်းခို စရိတ်နှင့် စားသောက် စရိတ်များ သက်သာ စေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ နိုင်ငံကူး လက်မှတ် စာအုပ် လုပ်ပါက ငွေကျပ် နှစ်သောင်းခွဲ ကုန်ကျမည် ဖြစ်ကြောင်း တာဝန်ခံ အရာရှိ ဒုတိယ ရဲမှူး စန်းဦးက ပြောကြားသည်။
စာအုပ်ရရန် အတွက် လမ်းပန်း ဆက်သွယ်ရေးအရ ၁၀ ရက်ခန့် ကြာမြင့် နိုင်ကြောင်းနှင့် ဒေသခံ ပြည်သူများ အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။
အလားတူ အခြားပြည်နယ်၊ တိုင်းဒေသကြီး များလည်း မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး (ဌာနစိပ်)ရုံးများ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုံးခွဲများ ဖွင့်လှစ် ပေးခြင်းဖြင့် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ လက်လှမ်း တမှီ နိုင်ငံကူး လက်မှတ်များ လုပ်နိုင်တော့မည့် အကျိုး ကျေးဇူး ခံစား ရတော့မည် ဖြစ်သည်။

No comments:

Post a Comment