ချင်းပြည်နယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့သည် မူးယစ်ဆေးဝါး တားဆီး
နှိမ်နှင်းရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပြည်သူများ၊ တပ်မတော်သားများ၊
အစိုးရ မဟုတ်သော အဖွဲ့အစည်းဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်
ရှိရာ ၂၀၁၃ ခုနှစ် အတွင်း ဒီဇင်ဘာ ၂၇ ရက်အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၃ မှု ဖော်ထုတ်
ဖမ်းဆီး နိုင်ခဲ့သည်။
အလားတူ ဘိန်းစိုက်ပျိုး နိုင်သည့် ဒေသများသို့
လည်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြသည်။ အသိ ပညာပေး ဟောပြော ခဲ့သော်လည်း ဘိန်းစိုက်ပျိုး
နိုင်သဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှု၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး၏ အနီးကပ်
ကြီးကြပ်မှုဖြင့် မြေပြင် သတင်း စုံစမ်း ဆောင်ရွက်ခဲ့ရာ တွန်းဇန်မြို့နယ် အတွင်း ဘိန်းစိုက်ပျိုးမှု
ရှိကြောင်း သတင်း ရရှိခဲ့သည်။
သတင်း ရရှိချက်အရ
ချင်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြပြီး အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ဘိန်းခင်း ဖျက်ဆီးရေး
အဖွဲ့(၃)ဖွဲ့အား ဖွဲ့စည်း တာဝန် ပေးအပ်ပြီး ပြည်နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် အဖွဲ့က
ကြီးကြပ် ကွပ်ကဲခဲ့သည်။
ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့ သုံးဖွဲ့သည် ဒီဇင်ဘာ
၁၀ ရက်နေ့မှ စတင်၍ တွန်းဇန် မြိ့နယ်နှင့် ကျီခါး မြို့နယ်ခွဲ အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ
ဘိန်းခင်း ၆၇၂ ဒသမ ၈၆ ဧက ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment