ရေတာရှည်
ဇန်န၀ါရီ ၂
(၆၆)
နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ရေတာရှည်မြို့၊ မြို့နယ် မိခင်နှင့်ကလေး
စောင့်ရှောက်ရေး အသင်းမှ ကြီးမှူးကျင်းပသော ကလေးပြိုင်ပွဲနှင့် မူကြိုကလေး ဥာဏပြိုင်ပွဲ
ဆုပေးပွဲကို ဇန်န၀ါရီလ (၂) ရက် နံနက် (၁၀) နာရီတွင် မြို့နယ် အုပ်ချုပ်ရေးမှူး အစည်းအဝေး
ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်
မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်သီတာခင်မှ အဖွင့် အမှာစကား
ပြောကြားပြီး၊ မြို့နယ် ကျန်းမာရေးဌာနမှ ဦးစီးမှူး ဒေါက်တာဇော်မြင့်မှ အမှတ်ပေး စည်းမျဉ်းများကို
ရှင်းလင်း ပြောကြားခဲ့သည်။ ဆုပေးပွဲတွင် မွေးစမှ ခြောက်လအထိ၊ ခြောက်လမှ တစ်နှစ်အထိ၊ တစ်နှစ်မှငါးနှစ်အထိ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊
တတိယနှင့် နှစ်သိမ့်ဆုများ အမွှာဆုများနှင့် မူကြိုကလေး ဥာဏပြိုင်ပွဲတွင်စာလုံးထပ်ပြိုင်ပွဲ၊
ဘောလုံးအရောင်တူရွေးပွဲ၊ ပုံတူထပ် ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများမှ ဆုရရှိသော
ကလေးငယ်များအား ဆုများအသီးသီး ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ရေတာရှည်
(ပြန်/ဆက်)
No comments:
Post a Comment